ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
တောလည် 8:7 - Common Language Bible သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။- Garrad Bible သန့် စေ ရ မည့် နည်း ဟူ မူ ကား၊ အ ပြစ် ကင်း ရှင်း ခြင်း ရေ ဖြင့် သူ တို့ ကို ဖျန်း ပြီး လျှင် မိ မိ တို့ လည်း သန့် ရာ ရောက် ကြ ရန် တစ် ကိုယ် လုံး အ မွေး ရိတ် ပယ် ခြင်း၊ အ ဝတ် လျှော် ခြင်း၊ Judson Bible စင်ကြယ်စေခြင်းငှာ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်းမင်္ဂလာရေကို သူတို့အပေါ်မှာဖျန်း၍၊ သူတို့သည် တစ်ကိုယ်လုံးကိုအမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်းကိုပြုသဖြင့် စင်ကြယ်စေရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့စင်ကြယ်အောင် ဤသို့ပြုရမည်။ သူတို့အပေါ် စင်ကြယ်စေခြင်းဆိုင်ရာရေကို ဖျန်းရမည်။ သူတို့သည် တစ်ကိုယ်လုံးရှိအမွေးများကိုရိတ်ပြီး အဝတ်များကို လျှော်ခြင်းဖြင့် မိမိကိုယ်မိမိ စင်ကြယ်စေရမည်။ |
ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
ကျွန်တော်မျိုး၏ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြောတော်မူ၍ ကျွန်တော်မျိုးအားအပြစ်မှသန့်စင်စေ တော်မူပါ။
ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊-
သို့ရာတွင်ယခုအခါသူသည်လူမျိုးတကာ တို့ကို သန့်ရှင်းစေလိမ့်မည်။ ရှင်ဘုရင်များသည်လည်းမိန်းမောတွေဝေ၍ နေကြလိမ့်မည်။ သူတို့သည်မိမိတို့အဘယ်အခါကမျှ မသိမမြင်ဘူးသောအရာ မကြားဘူးသောအရာတို့ကိုတွေ့မြင်သိရှိ နားလည်လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
ထိုအရာတို့ကိုထိကိုင်မိသောသူသည်မသန့် စင်သဖြင့် မိမိအဝတ်များကိုဖွပ်လျှော်၍ ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
ထိုင်သောနေရာတွင်ထိုင်မိလျှင် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
ထိုယဇ်ကောင်များကိုမီးရှို့ရသူသည် မိမိ ၏အဝတ်များကိုဖွပ်လျှော်၍ရေချိုးပြီး မှ စခန်းအတွင်းသို့ပြန်ဝင်ရမည်။
ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
သင်တို့၏အဝတ်အင်္ကျီများနှင့်သားရေ၊ ဆိတ်မွေးသို့မဟုတ်သစ်သားဖြင့်ပြုလုပ် သောပစ္စည်းရှိသမျှတို့ကိုလည်းသန့်စင် စေရမည်'' ဟုဆို၏။
လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်ကို သန့်စင်စေ၍ အဝတ်များကိုလျှော်ဖွပ်ကြ ပြီးနောက် အာရုန်သည်သူတို့ကိုထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်ကပ်လေ၏။ သူတို့အတွက်သန့်စင် ခြင်းဝတ်ကိုလည်းဆောင်ရွက်၏။-
ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
ဆိတ်သွေး၊ နွားသွေး၊ နွားမကလေး၏ပြာတို့ ကိုညစ်ညမ်းသူတို့၏အပေါ်ပက်ဖျန်းသဖြင့် အညစ်အကြေးများကိုဆေးကြောသုတ်သင် ကာလူတို့အားသန့်စင်နိုင်စွမ်းရှိပါလျှင်၊-
ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-
ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-
ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-