Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 8:21 - Common Language Bible

21 လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သန့်​စင်​စေ​၍ အ​ဝတ်​များ​ကို​လျှော်​ဖွပ်​ကြ ပြီး​နောက် အာ​ရုန်​သည်​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​ကပ်​လေ​၏။ သူ​တို့​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​လည်း​ဆောင်​ရွက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အာ ပတ် ကင်း ခြင်း၊ အ ဝတ် လျှော် ခြင်း များ ကို လေ ဝိ အ နွယ် သား တို့ ပြု ကြ ပြီး လျှင် အာ ရုန် သည် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် သူ တို့ ကို ဦး တိုက် လျက် သန့် ရာ ရောက် စေ ခြင်း ငှါ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သူ​တို့​သည်​စင်​ကြယ်​ခြင်း​သို့​ရောက်၍ မိ​မိ​တို့​အ​ဝတ်​ကို လျှော်​ကြ၏။ အာ​ရုန်​သည်​လည်း၊ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်၍ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့် စင်​ကြယ်​စေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 လေဝိ​အမျိုး​တို့​သည် မိမိကိုယ်မိမိ​သန့်စင်​အောင်​ပြု​၍ မိမိ​တို့​၏​အဝတ်​များ​ကို​လျှော်​ပြီး​သောအခါ အာရုန်​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ဆက်ကပ်​လေ​၏​။ အာရုန်​သည် သူ​တို့​စင်ကြယ်​စေရန် သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​လည်း​ပြု​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 8:21
10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-


ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​အ​ထက်​ပါ ပူ​ဇော်​သ​ကာ​များ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-


သူ​သည်​တ​တိ​ယ​နေ့​နှင့်​သတ္တ​မ​နေ့​များ တွင်​သန့်​စင်​ခြင်း​ဝတ်​ဆိုင်​ရာ​ရေ​ဖြင့် မိ​မိ ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ ထို​နောက်​သူ သည်​သန့်​စင်​လာ​လိမ့်​မည်။ တ​တိ​ယ​နေ့ နှင့်​သတ္တ​မ​နေ့​များ​တွင်​သန့်​စင်​မှု​မ​ပြု လျှင် သူ​သည်​သန့်​စင်​လိမ့်​မည်​မ​ဟုတ်။-


သန့်​စင်​သူ​က​မ​သန့်​စင်​သူ​ကို​တ​တိ​ယ​နေ့ နှင့် သတ္တ​မ​နေ့​များ​တွင်​ရေ​နှင့်​ဖျန်း​ရ​မည်။ မ သန့်​စင်​သူ​အား​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လုပ် ပေး​ရ​မည်။ သတ္တ​မ​နေ့​တွင်​သန့်​စင်​သူ​က​မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွတ်​လျှော်​၍ ရေ​ချိုး​ပြီး နောက်​နေ​ဝင်​ချိန်​တွင်​သန့်​စင်​လာ​လိမ့်​မည်။


သင်​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​စင်​မှု၊ ဆက်​ကပ်​မှု​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​တို့ သည်​တဲ​တော်​တွင်​အ​မှု​တော်​ဆောင်​နိုင်​လိမ့် မည်။-


သို့​ဖြစ်​၍​မော​ရှေ၊ အာ​ရုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ဆက်​ကပ်​ကြ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​စပ်​လျဉ်း​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင် ရွက်​ကြ​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အနွယ်​ဝင်​တို့ သည် အာ​ရုန်​နှင့်​သူ​၏​သား​များ​ကြီး​ကြပ် ကွပ်​ကဲ​မှု​ဖြင့်​တဲ​တော်​တွင်​အ​မှု​တော် ထမ်း​ကြ​လေ​သည်။


သန့်​စင်​ရေး​ဆိုင်​ရာ​ရေ​ကို​သူ​တို့​၏​ကိုယ်​ပေါ် တွင်​ဖျန်း​၍ တစ်​ကိုယ်​လုံး​ရှိ​အ​မွေး​များ​ကို ရိတ်​စေ​ပြီး​လျှင်​အ​ဝတ်​များ​ကို​လျှော်​ဖွပ် စေ​ရ​မည်။ ထို​အ​ခါ​သူ​တို့​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ