ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
တောလည် 6:15 - Common Language Bible သံလွင်ဆီနှင့်မုန့်ညက်ရော၍ပြုလုပ်သော တဆေးမဲ့မုန့်လုံးများနှင့် သံလွင်ဆီသုတ် သောတဆေးမဲ့မုန့်ပြားများပါရှိသည့် မုန့်တောင်းကိုလည်းဆက်သရမည်။ ထို့ အပြင်ဘောဇဉ်သကာနှင့် စပျစ်ရည် သကာတို့ကိုလည်းဆက်သရမည်။ Garrad Bible ဆိုင် ရာ ဘော ဇဉ် သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ များ ကို လည်း ကောင်း၊ မုန့် ညက် နှင့် လုပ်၍ ဆီ ရော သော တ ဆေး မဲ့ မုန့် ပေါက်၊ ဆီ လူး သော တ ဆေး မဲ့ မုန့် ချပ် များ နှင့် ပြည့် သော တောင်း တစ် လုံး ကို လည်း ကောင်း ထာ ဝ ရ ဘု ရား ထံ ဆောင် သွင်း လှူ ဒါန်း ရာ၊ Judson Bible ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တစ်တောင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာကို ထာဝရဘုရားအားဆက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အကောင်းဆုံးဂျုံမှုန့်ကို ဆီဖြင့်ရော၍လုပ်ထားသည့် တဆေးမဲ့မုန့်လုံးနှင့် ဆီလူးထားသည့်တဆေးမဲ့မုန့်ကြွပ် တစ်တောင်းကို ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့နှင့်အတူ ထာဝရဘုရားထံ ယူဆောင်လာရမည်။ |
ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
သို့ရာတွင်အသီးအနှံများကိုစိုက်ပျိုး ရိတ်သိမ်း သူသင်တို့သာလျှင်၊ ယင်းတို့ကိုစားသုံးကြလျက်၊ထာဝရဘုရား အား ထောမနာပြုရကြလိမ့်မည်။ စပျစ်သီးများကိုပြုစုဆွတ်ခူးသူသင်တို့ သာလျှင် ငါ၏ဗိမာန်တော်တန်တိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ရကြလိမ့်မည်။''
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။ မိမိတို့ထံတွင်ထာဝရဘုရားအတွက် ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်စိတ်တော်ကို ပြောင်းလဲကောင်းပြောင်းလဲတော်မူ၍ သင်တို့အားမြောက်မြားစွာသောအသီး အနှံများဖြင့် ကောင်းချီးပေးတော်မူပါလိမ့်မည်။ ထိုအခါသင်တို့သည်ကိုယ်တော်အား ဂျုံဆန်နှင့် စပျစ်ရည်ပူဇော်သကာများကိုဆက်သနိုင် ပါ၏။
မီးဖိုတွင်ဖုတ်သောမုန့်ကိုပူဇော်သောအခါ မုန့်တွင်တဆေးမပါစေရ။ မုန့်ညက်နှင့်သံ လွင်ဆီရော၍ပြုလုပ်သောမုန့်လုံးကိုဖြစ် စေ၊ သံလွင်ဆီသုတ်သောမုန့်ကြွပ်ပြားကို ဖြစ်စေပူဇော်နိုင်သည်။
တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။-
``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
စပျစ်ရည်လေးပိုင့်ကိုဆက်သရမည်။ ဤ သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာအားလုံး ကိုထာဝရဘုရားထံဆက်သ၍ အပြစ်ဖြေ ရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကိုပူဇော်ရမည်။-
သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ဖလား မှစပျစ်ရည်ကိုသောက်သည့်အခါတိုင်းသခင် ဘုရားအသေခံတော်မူကြောင်းကိုကိုယ်တော် ကြွလာတော်မူချိန်တိုင်အောင်ကြေညာကြ၏။-