ဒုစရိုက်ဖြေရာပူဇော်သကာနှင့်အပြစ်ဖြေ ရာပူဇော်သကာတို့မှရရှိသည့်ငွေကိုမူ အလှူခံသေတ္တာထဲသို့မထည့်ဘဲယဇ်ပုရော ဟိတ်တို့ယူရကြ၏။
တောလည် 5:8 - Common Language Bible အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။- Garrad Bible ဥ စ္စာ ကို ခံ ထိုက် သူ အ မွေ ဆိုင် ပြတ် လျှင် ချင့် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု အပ် သော သိုး ထီး မှ တစ် ပါး ထို အ ဓ မ္မ ဥ စ္စာ လည်း ထာ ဝ ရ ဘု ရား ပိုင် ရာ တော်၊ ပ ရော ဟိတ် ပိုင် ရာ ဖြစ် သ တည်း။ Judson Bible ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားအားပူဇော်ရမည်။ ထိုမှတစ်ပါး အပြစ်ဖြေစေခြင်းငှာ အပြစ်ဖြေရာယဇ်ဖို့ သိုးတစ်ကောင်ကိုပူဇော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း မိမိပြစ်မှားသောအမှုအတွက် လျော်ကြေးလက်ခံယူမည့်သူမရှိလျှင် ပြစ်မှားသောအမှုအတွက် လျော်ကြေးနှင့်တကွ မိမိအတွက် အပြစ်ဖြေပေးသောအပြစ်ဖြေရာယဇ်သိုးထီးကို ထာဝရဘုရားထံပူဇော်ရမည်။ ထိုယဇ်သည် ယဇ်ပုရောဟိတ်အတွက်ဖြစ်ရမည်။ |
ဒုစရိုက်ဖြေရာပူဇော်သကာနှင့်အပြစ်ဖြေ ရာပူဇော်သကာတို့မှရရှိသည့်ငွေကိုမူ အလှူခံသေတ္တာထဲသို့မထည့်ဘဲယဇ်ပုရော ဟိတ်တို့ယူရကြ၏။
သူသည်ဘုရားသခင်၏သန့်ရှင်းမြင့်မြတ် မှုအတွက် မဆောင်ရွက်ခဲ့မိသည့်လျော်ငွေ တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းအပို ဆောင်း၍ယဇ်ပုရောဟိတ်အားပေးရမည်။ ထို နောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏အပြစ် အတွက် သိုးထီးသို့မဟုတ်ဆိတ်ကိုပူဇော် သဖြင့်ထိုသူသည်အပြစ်လွတ်လိမ့်မည်။
အပြစ်ဖြေရာပူဇော်သကာနှင့် အပြစ်ဒဏ်ပြေ ရာပူဇော်သကာနှစ်မျိုးစလုံးနှင့်ဆိုင်သော ပြဋ္ဌာန်းချက်မှာ ယဇ်ပူဇော်သောယဇ်ပုရောဟိတ် သည်ယဇ်ကောင်၏အသားကိုစားသုံးခွင့်ရှိ ခြင်းဖြစ်သည်။-
ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-