Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 7:7 - Common Language Bible

7 အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ပြစ် ဖြေ ရာ သ က္ကာ တ ရား အ တိုင်း ပြစ် ဒဏ် ပြေ ရာ သ က္ကာ တ ရား ဖြစ် ၏၊ တ ရား တစ် ပါး တည်း ရှိ လျက် ထို သ က္ကာ မျိုး ဖြင့် အ ပြစ် ဖြေ ခြင်း ကို ပြု သော ပ ရော ဟိတ် ပိုင် ရာ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၏​တ​ရား​တစ်​ပါး​တည်း​ဖြစ်၍၊ ဒု​စ​ရိုက်​အ​ပြစ် ဖြေ​ခြင်း​ကို​ပြု​သော ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အပြစ်ဒဏ်ဖြေရာယဇ်​သည် အပြစ်ဖြေရာယဇ်​ကဲ့သို့ပင်​ဖြစ်ပြီး ၎င်း​တို့​နှင့်ဆိုင်သော​တရား​သည် တစ်ပါးတည်း​ဖြစ်​၏​။ ယဇ်ကောင်​ဖြင့် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​သော​ယဇ်ပုရောဟိတ်​သည် ထို​ယဇ်ကောင်​ကို ပိုင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:7
11 ပူးပေါင်းရင်းမြစ်များ  

ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သကာ​နှင့်​အ​ပြစ်​ဖြေ ရာ​ပူ​ဇော်​သ​ကာ​တို့​မှ​ရ​ရှိ​သည့်​ငွေ​ကို​မူ အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​မ​ထည့်​ဘဲ​ယဇ်​ပု​ရော ဟိတ်​တို့​ယူ​ရ​ကြ​၏။


ထို​ကာ​လ​၌​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ ထို​နောက် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် လာ​သည့်​ကာ​လ၊-


သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-


ကျန်​သော​မုန့်​သည် ယဇ်​ပု​ရော​ဟိတ်​များ​သုံး ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို​မုန့်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​သော​မုန့် ထဲ​က​ဖြစ်​သော​ကြောင့်​အ​လွန်​သန့်​ရှင်း​သည်။


ကျန်​သော​ဘော​ဇဉ်​သ​ကာ​သည် ယဇ်​ပု​ရော​ဟိတ် များ​သုံး​ဆောင်​ရန်​အ​တွက်​ဖြစ်​စေ​ရ​မည်။ ထို ဘော​ဇဉ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပြီး သော​ဘော​ဇဉ်​သ​ကာ​ဖြစ်​သော​ကြောင့် ယဇ်​ပု​ရော ဟိတ်​များ​သာ​သုံး​ဆောင်​ရ​မည်။ အ​လွန်​သန့်​ရှင်း သည်။


မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-


အ​ကယ်​၍​လျော်​ကြေး​လက်​ခံ​မည့်​သူ​သည် သေ​ဆုံး​၍​ဆွေ​မျိုး​သား​ချင်း​မ​ကျန်​ရစ်​လျှင် လျော်​ကြေး​ကို​ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​သ​ရ​မည်။ အ​ပြစ်​ကူး​လွန်​သူ သည်​လျော်​ကြေး​အ​ပြင် သန့်​စင်​ခြင်း​ဝတ် အ​တွက်​သိုး​ထီး​ကို​လည်း​ပေး​ဆောင်​ရ မည်။-


ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ လော့။ သူ​တို့​သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား သ​ဖြင့်​ယဇ်​ပလ္လင်​ပေါ်​ပူ​ဇော်​ခြင်း​တွင်​ပါ​ဝင် ကြ​၏။-


ဗိ​မာန်​တော်​တွင်​အ​မှု​ထမ်း​ဆောင်​သူ​များ​သည် ဗိ​မာန်​တော်​မှ​အ​စား​အ​စာ​ကို​ရ​ကြ​သည် ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​သူ​များ​သည်​လည်း ယဇ်​ကောင်​မှ​ဝေ​စု​ကို​ရ​ကြ​သည်​ကို​လည်း ကောင်း​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ