အချို့သူတို့မှာသန့်ရှင်းရာဌာနတော်ဆိုင် ရာအသုံးအဆောင်တန်ဆာများ၊ မုန့်ညက်၊ စပျစ်ရည်၊ သံလွင်ဆီ၊ လော်ဗန်နှင့်နံ့သာ မျိုးတို့ကိုကြည့်ရှုသိမ်းဆည်းရန်တာဝန် ယူရကြ၏။-
တောလည် 4:32 - Common Language Bible တဲတော်ဝင်းပတ်လည်ရှိတိုင်များ၊ အောက်ခံခုံ များ၊ ကြက်ဆူးများနှင့်ကြိုးများကိုလည်း ကောင်း၊ ထိုပစ္စည်းများကိုတပ်ဆင်ရာ၌အသုံး ပြုသောတန်ဆာပလာအားလုံးတို့ကို လည်းကောင်းသယ်ဆောင်ရမည်။ လူတိုင်း မိမိအတွက်သတ်မှတ်ပေးသောပစ္စည်း ကိုသယ်ဆောင်ရမည်။- Garrad Bible ပတ် လည် တံ တိုင်း တိုင်၊ အောက် ခံ ခုံ၊ ကြက် ဆူး၊ ကြိုး များ မှ စ သော သုံး ရာ ကိ ရိ ယာ များ တည်း။ ၎င်း တို့ တာ ဝန် ကို ကိ ရိ ယာ အ မည် သ ညာ သေ ချာ စွာ သင် တို့ စီ မံ ကြ ရ မည်။ Judson Bible ဝင်းတိုင်၊ ခြေစွပ်တံသင်၊ ကြိုးများတို့ကိုလည်းကောင်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကိုလည်းကောင်း ထမ်းရွက်ရကြမည်။ သူတို့ထမ်းရွက်ရသောတန်ဆာတို့ကို အမည်မှတ်၍ရေတွက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများစသည့်တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို လုပ်ဆောင်ရမည်။ သူတို့သယ်ဆောင်ရမည့်ပစ္စည်းတို့ကို အမည်နှင့်တကွ ချမှတ်ပေးရမည်။ |
အချို့သူတို့မှာသန့်ရှင်းရာဌာနတော်ဆိုင် ရာအသုံးအဆောင်တန်ဆာများ၊ မုန့်ညက်၊ စပျစ်ရည်၊ သံလွင်ဆီ၊ လော်ဗန်နှင့်နံ့သာ မျိုးတို့ကိုကြည့်ရှုသိမ်းဆည်းရန်တာဝန် ယူရကြ၏။-
တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
``ငါစံတော်မူရာတဲတော်ကို ပိတ်ချောကန့်လန့် ကာတို့ဖြင့်ကာရံထားရမည်။ တောင်ဘက်ကိုက် ငါးဆယ်ရှည်သောကန့်လန့်ကာဖြင့်ကာရမည်။-
တိုင်ဖိနပ်များကိုကြေးဝါဖြင့်ပြုလုပ်၍၊ တိုင် ချိတ်များ၊ တိုင်တန်းများနှင့်တိုင်ထိပ်အုပ်များ ကိုငွေဖြင့်ပြုလုပ်သည်။ တိုင်အားလုံးကိုငွေ တန်းများဖြင့်ဆက်ထား၏။-
ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။
သူတို့သည်တဲတော်ဘောင်များ၊ တန်းများ၊ တိုင်များ၊ အောက်ခံခုံများနှင့်ယင်းတို့နှင့် စပ်လျက်ရှိသောတန်ဆာများတို့ကိုထိန်း သိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူ တို့သည်အထက်ပါပစ္စည်းများကိုထိန်းသိမ်း စောင့်ရှောက်ရကြသည်။-
သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။-
သူတို့သည်တဲတော်သစ်သားဘောင်များ၊ တန်း များ၊ တိုင်များနှင့်အောက်ခံခုံများကိုလည်း ကောင်း၊-
ဤသည်တို့သည်ကားတဲတော်တွင်မေရာရိ သားချင်းစုတို့ဆောင်ရွက်ရမည့်တာဝန်များ ဖြစ်သည်။ သူတို့သည်ယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရမည်။
ထာဝရဘုရားသည်မောရှေအားမိန့်တော်မူ သည့်အတိုင်း လေဝိအမျိုးသားတစ်ယောက်စီ တို့ကိုစာရင်းကောက်ယူ၍ သူတို့အသီးသီး ဆောင်ရွက်ရမည့်ဝတ္တရားနှင့်သယ်ဆောင်ရ မည့်တာဝန်ကိုခွဲခန့်ပေးလေသည်။
မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
လှည်းလေးစီးနှင့်နွားရှစ်ကောင်ကို မေရာရိ သားချင်းစုတို့အားလည်းကောင်းပေးအပ် လေသည်။ သူတို့သည်အလုပ်ရှိသမျှကို အာရုန်၏သား ဣသမာညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရကြသည်။-