ဂေရရှုန်သားချင်းစုတို့သည်အာရုန်နှင့် သူ ၏သားများသတ်မှတ်ပေးသောဝတ္တရားများ နှင့်သယ်ဆောင်မှုရှိသမျှကိုဆောင်ရွက်ရန် မောရှေနှင့်အာရုန်တို့ကကြပ်မတ်ပေးရမည်။-
၎င်း တို့ တာ ဝန် ကို သင် တို့ သေ ချာ စွာ စီ မံ သည့် အ လျောက် ဂေ ရ ရှုံ့ သား တို့ သည် အာ ရုန် နှင့် သား တို့ အ မိန့် အ တိုင်း ထမ်း လျက်၊ အ စေ ခံ လျက်၊ အ လုံး စုံ ဆောင် ရွက် ကြ ရ မည်။
ဂေရရှုန်သားများအမှုစောင့်လေရာရာ၊ ဝန်ထမ်းလေရာရာ၌၊ အာရုန်နှင့်သူ၏သားတို့ ခွဲခန့်စီရင်သည်အတိုင်း ဆောင်ရွက်ရကြမည်။
ဂေရရှုန်၏သားမြေးတို့ သယ်ဆောင်ရမည့်ဝန်၊ လုပ်ရမည့်အလုပ်စသည့် သူတို့နှင့်ဆိုင်သည့်အလုပ်ရှိသမျှတို့ကို လုပ်ဆောင်ရာတွင် အာရုန်နှင့်သူ့သားတို့၏အမိန့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်၏။ သင်သည် သူတို့သယ်ဆောင်ရမည့်ဝန်ရှိသမျှတို့ကို ချမှတ်ပေးရမည်။
တဲတော်တံခါးဝကန့်လန့်ကာ၊ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ရှိကန့်လန့်ကာများနှင့် ကြိုးများ၊ တဲတော်ဝင်းပေါက်ကန့်လန့်ကာ များအစရှိသည်တို့ကိုလည်းကောင်း၊ ထို ပစ္စည်းများကိုတပ်ဆင်ရာ၌အသုံးပြု သောတန်ဆာပလာအားလုံးတို့ကိုလည်း ကောင်းသယ်ဆောင်ရန်ဖြစ်သည်။ သူတို့သည် ထိုပစ္စည်းများနှင့်ဆိုင်၍ ဆောင်ရွက်ရန်ရှိ သမျှတို့ကိုတာဝန်ယူရမည်။-
ဤသည်တို့ကားတဲတော်တွင်ဂေရရှုန်သားချင်း စုတို့ဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ သူ တို့သည်ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာ ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရကြမည်။
ရှေးသန့်ရှင်းမြင့်မြတ်သူပရောဖက်များမှတစ်ဆင့် မိန့်တော်မူသည်နှင့်အညီ၊
သင်တို့သည်ငါ့ကိုအစဉ်အောက်မေ့သတိရ၍ ငါပေးအပ်ခဲ့သည့်သွန်သင်ချက်အတိုင်းလိုက် နာပြုကျင့်ကြသောကြောင့်သင်တို့အားငါ ချီးကူး၏။-