မီးထွန်းရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်မီးရှို့ ရာနံ့သာပေါင်းအတွက်အမွှေးအကြိုင်၊-
တောလည် 4:16 - Common Language Bible ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ သည်တဲတော်အတွက်လည်းကောင်း၊ မီးခွက် ဆီ၊ နံ့သာပေါင်း၊ ဘောဇဉ်သကာ၊ ဘိသိက် ဆီမှစ၍ထာဝရဘုရားအားဆက်ကပ် ထားသောတဲတော်ပစ္စည်းရှိသမျှကိုလည်း ကောင်းတာဝန်ယူရမည်။ Garrad Bible ပ ရော ဟိတ် အာ ရုန့် သား ဧ လာ ဇာ၏ ဝ တ္တ ရား ကား မီး ပူ ဇော် ရန် ဆီ၊ တင် ရှို့ ရာ အ သင်း အ ထုံ၊ ဆက် မြဲ ဘော ဇဉ် သ က္ကာ၊ ဘိ သိက် သွန်း ရန် ဆီ များ တည်း။ ၎င်း ပြင် စံ ရာ တော် နှင့် ပါ ရှိ သ မျှ သော သန့် ရှင်း ရာ များ၊ ကိ ရိ ယာ များ ကို ကြီး ကြပ် ရ မည် ဟု မိန့် တော် မူ ၏။ Judson Bible ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာ၏အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီးထွန်းစရာ မီးရှို့ရာနံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်းဆက်ကပ်ရသော ဘောဇဉ်ပူဇော်သကာ၊ လိမ်းရန်ဆီ အစရှိသောတဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကိုလည်းကောင်း ကြည့်ရှုပြုစုရမည်။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာသည် မီးထွန်းရန်အတွက်ဆီ၊ အမွှေးနံ့သာပေါင်း၊ နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာနှင့် ဘိသိက်ဆီတို့ကို ကြည့်ရှုထိန်းသိမ်းရမည်။ ထို့ပြင် ကိန်းဝပ်တော်မူရာတဲတော်တစ်ခုလုံး၊ ထိုတဲတော်ထဲရှိ သန့်ရှင်းသောအရာနှင့်တန်ဆာပလာရှိသမျှတို့ကို ကြည့်ရှုထိန်းသိမ်းရမည်”ဟု မိန့်တော်မူ၏။ |
မီးထွန်းရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်မီးရှို့ ရာနံ့သာပေါင်းအတွက်အမွှေးအကြိုင်၊-
ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်အတွက် မွှေးကြိုင်သောနံ့သာပေါင်းတို့ကိုပြုလုပ်နိုင် ကြလိမ့်မည်။ ငါသည်သင့်အားမိန့်မှာသည့် အတိုင်းသူတို့သည် ဤအရာများကိုပြု လုပ်ရမည်'' ဟုမိန့်တော်မူ၏။
သူသည်သန့်ရှင်းသောဘိသိက်ဆီနှင့်မွေးကြိုင်၍ စင်ကြယ်သောမီးရှို့ရာနံ့သာပေါင်းကိုဖော်စပ် လေ၏။
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားအောက်ပါအတိုင်း မိန့်တော်မူသည်။ တဲတော်ထဲရှိမီးတိုင်ကို အစဉ်မပြတ်ထွန်းညှိထားနိုင်စေရန် အကောင်းဆုံးသံလွင်ဆီစစ်စစ်ကိုယူ ခဲ့ကြလော့။-
လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
ငါတို့သည်ဘုရားသခင်၏နက်နဲသောသမ္မာ တရားတော်ကိုတာဝန်ယူစောင့်ထိန်းရသူ ခရစ် တော်၏အစေခံများဖြစ်သည်ဟုသင်တို့မှတ် ယူသင့်ကြ၏။-
ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူလူခရစ် တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။-
ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
သင်တို့သည်သိုးများကဲ့သို့လမ်းလွဲခဲ့ကြ သော်လည်း ယခုအခါ၌သင်တို့၏ဝိညာဉ် တို့ကိုထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင့်သိုးထိန်းကြီးထံသို့ပြန်လည်ရောက် ရှိကြလေပြီ။
သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-