နာဗုတ်က``အကျွန်ုပ်သည်ဤဥယျာဉ်ကို ဘိုးဘေးများထံမှအမွေရရှိထားသဖြင့် အရှင့်အားဆက်သမှုကိုထာဝရဘုရား ဆီးတားတော်မူပါစေသော'' ဟုလျှောက်၏။-
တောလည် 36:7 - Common Language Bible ဣသရေလအမျိုးသားတိုင်းပိုင်ဆိုင်သော အမွေမြေကို မိမိနှင့်သက်ဆိုင်ရာအနွယ် လက်မှအခြားအနွယ်လက်သို့မလွှဲ မပြောင်းရ။- Garrad Bible သို့ နှင့် အ ညီ တစ် နွယ် မှ တစ် နွယ် သို့ ဣ သ ရေ လ အ မျိုး သား တို့ ပိုင် စု မ လွှဲ မ ပြောင်း ရ။ အ သီး အ သီး တို့ သည် ဘိုး ဘေး တို့ အ နွယ် ပိုင် စု ကို လက် မ လွှတ် ကြ ရာ၊ Judson Bible ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ နေရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့တွင် အမွေကို အမျိုးအနွယ်တစ်နွယ်မှ တစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားအသီးသီးတို့သည် မိမိဘိုးဘေးတို့အမျိုးအနွယ်၏အမွေကိုထိန်းသိမ်းရမည်။ |
နာဗုတ်က``အကျွန်ုပ်သည်ဤဥယျာဉ်ကို ဘိုးဘေးများထံမှအမွေရရှိထားသဖြင့် အရှင့်အားဆက်သမှုကိုထာဝရဘုရား ဆီးတားတော်မူပါစေသော'' ဟုလျှောက်၏။-
ဣသရေလအနွယ်ထဲမှအမွေမြေဆက်ခံ ရရှိသောအမျိုးသမီးတိုင်း မိမိ၏အနွယ် ဝင်ယောကျာ်းနှင့်စုံဖက်ရမည်။ ဤနည်းအား ဖြင့်ဣသရေလအမျိုးသားတိုင်းဘိုးဘေး တို့၏မြေကိုဆက်ခံရရှိသဖြင့်၊-
မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။
ထိုနောက်ယောရှုသည်လူအပေါင်းတို့ကို ပြန်ခွင့်ပြုသဖြင့်သူတို့သည် မိမိတို့၏ နေရပ်သို့ပြန်သွားကြလေသည်။
အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-