ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
တောလည် 33:52 - Common Language Bible ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။- Garrad Bible သင် တို့ ရှေ့ က တိုင်း ရင်း သား အ ပေါင်း တို့ ကို နှင် ထုတ် လျက် ချင်း တို့ ရုပ် လုံး ပေါ် ကျောက် များ နှင့် ဆင်း တု ရှိ သ မျှ ကို ဖျက် ဆီး ခြင်း၊ မြင့် ရာ ဌာ န ရှိ သ မျှ ကို ဖြို ဖျက် ခြင်း ပြု ပြီး လျှင်၊ Judson Bible ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှတို့ကို ဖြိုချရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်၌နေထိုင်သောသူရှိသမျှတို့ကို သင်တို့ရှေ့မှ နှင်ထုတ်၍ သူတို့၏ကျောက်ဆစ်ရုပ်တုရှိသမျှတို့ကို ဖျက်ဆီးရမည်။ သူတို့သွန်းလုပ်သောရုပ်တုရှိသမျှတို့ကိုလည်း ဖျက်ဆီး၍ သူတို့အထွတ်အမြတ်ထားရာနေရာရှိသမျှတို့ကို ဖြိုဖျက်ရမည်။ |
ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
ထာဝရဘုရားက``သင်တို့သည်ရုပ်တုများ၊ ကျောက်တိုင်များ၊ ကျောက်ရုပ်များကိုထုလုပ် ၍မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
ထာဝရဘုရားသည်သင်တို့အား ထိုသူတို့ ကိုတိုက်ခိုက်အောင်မြင်ခွင့်ပေးတော်မူမည် ဖြစ်၍ ငါမှာကြားသည့်အတိုင်းသူတို့ကို စီရင်ရမည်။-
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
ထာဝရဘုရားသည်မိမိ၏အစေခံ မောရှေအားမိန့်မှာတော်မူခဲ့သည်အတိုင်း မောရှေသည်ယောရှုအားတစ်ဆင့်မိန့်မှာ ခဲ့၏။ ယောရှုကလည်းမောရှေမိန့်မှာသည် အတိုင်းဆောင်ရွက်၏။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူခဲ့သမျှ တို့ကိုယောရှုလိုက်နာဆောင်ရွက်လေသည်။
သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-
ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။
သင်တို့သည်ဤပြည်တွင်နေထိုင်သူတို့နှင့် အဘယ်သို့မျှပဋိညာဉ်မပြုရ။ ထိုသူ တို့၏ယဇ်ပလ္လင်များကိုဖြိုချရကြမည် ဟုသင်တို့အားငါမိန့်မှာခဲ့၏။ သို့ရာတွင် သင်တို့သည်ငါ၏အမိန့်ကိုမနာခံကြ။ အဘယ်ကြောင့်ဤသို့ပြုဘိသနည်း။-