ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
တောလည် 33:4 - Common Language Bible ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။ Judson Bible အကြောင်းမူကား၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ဘုရားများကိုလည်း၊ ထာဝရဘုရားသည် တရားစီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ အီဂျစ်လူမျိုးတို့သည် ထာဝရဘုရားဒဏ်ခတ်တော်မူသော သူတို့၏သားဦးအပေါင်းတို့ကို သင်္ဂြိုဟ်နေကြ၏။ ထာဝရဘုရားသည် သူတို့၏ဘုရားများကို အပြစ်ဒဏ်ပေးတော်မူ၏။ |
ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။-
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
ထာဝရဘုရားသည်သူတို့အားထိတ်လန့် တုန်လှုပ်စေတော်မူလိမ့်မည်။ ကိုယ်တော်သည် လောကီဘုရားများကိုဆိတ်သုဉ်းစေတော် မူမည်ဖြစ်၍လူမျိုးတကာတို့သည် မိမိ တို့ပြည်အသီးသီးတွင်ကိုယ်တော်ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။