ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
တောလည် 31:54 - Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကို ကာကွယ်စောင့်ရှောက်တော်မူအံ့ သောငှာ မောရှေနှင့်ဧလာဇာတို့သည်ရွှေများ ကိုတဲတော်သို့ယူဆောင်သွားကြလေသည်။ Garrad Bible မော ရှေ နှင့် ပ ရော ဟိတ် ဧ လာ ဇာ တို့ သည် ထောင် တပ် မှူး၊ ရာ တပ် မှူး တို့ မှ သာ ရွှေ ကို ခံ ယူ ပြီး လျှင် ထာ ဝ ရ ဘု ရား မျက် မှောက် ဣ သ ရေ လ အ မျိုး သား တို့ ကို မှတ် သား တော် မူ ဖွယ် အ ဖြစ် တွေ့ ဆုံ ရာ တဲ တော် အ တွင်း တင် သွင်း ကြ၏။ Judson Bible တပ်မှူးများ၊ ဗိုလ်များပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားအောက်မေ့တော်မူဖို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ထံမှ ရွှေကိုခံယူ၍ ထာဝရဘုရားရှေ့တော်၌ အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်အဖြစ် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ သွင်းထားကြ၏။ |
ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကို မြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။
ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
သင်သည်ဣသရေလအမျိုးသားတို့ထံမှ ထိုငွေကိုလက်ခံ၍၊ ငါစံရာတဲတော်စရိတ် အတွက်အသုံးပြုရမည်။ သင်တို့၏အသက် ဖိုးအတွက်ပေးသောအခွန်ငွေအားဖြင့်၊ ထာဝရဘုရားသည်သင်တို့၏အသက် ကိုကာကွယ်ရန်သတိရမည်'' ဟုမိန့်တော် မူ၏။
ထိုသရဖူသည်လည်းထာဝရဘုရား၏ ဗိမာန်တော်တွင်ဟေလဒဲ၊ တောဘိယ၊ ယေ ဒါယနှင့်ယောရှိတို့အား ဂုဏ်ပြုချီးမြှင့် ရာအထိမ်းအမှတ်လက္ခဏာတစ်ရပ်ဖြစ် လိမ့်မည်'' ဟုမိန့်တော်မူ၏။
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။