ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။-
တောလည် 24:24 - Common Language Bible ကုပရုကျွန်းမှရန်သူသင်္ဘောများသည်လာ၍ အာရှုရိပြည်နှင့်ဟေဗာပြည်တို့ကိုတိုက်ခိုက် အောင်မြင်လိမ့်မည်။ သို့ရာတွင်သူတို့ကိုယ်တိုင်လည်းသုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။'' Garrad Bible ကိ တ္တိမ် စစ် သင်္ဘော များ ရောက် လာ သ ဖြင့် ညှဉ်း ပန်း ခံ ရ သော မြစ် ကြီး တစ် ဘက် ရှိ အာ ရှု ရိ လူ မျိုး ပင် ပျက် စီး ရာ ရောက် လိမ့် မည် ဟု ဆို ပြီး လျှင်၊ Judson Bible သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ၍အာရှုရိပြည်ကိုလည်းကောင်း၊ ဟေဗာပြည်ကိုလည်းကောင်း နှောင့်ယှက်ကြလိမ့်မည်။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း ဆိုက်ပရပ်ဆိပ်ကမ်းမှ သင်္ဘောတို့သည်လာ၍ အဆီးရီးယားလူမျိုးကို နှိပ်စက်လိမ့်မည်။ ဧဗာလူမျိုးကိုလည်း နှိပ်စက်လိမ့်မည်။ သို့သော် သူတို့သည်လည်း ပျက်စီးရလိမ့်မည်”ဟု ဆို၏။ |
ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။-
ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
သို့ရာတွင်ထာဝရဘုရားက``ငါသည်ဇိအုန် တောင်နှင့်ယေရုရှလင်မြို့တွင်ဆောင်ရွက်ရန် အမှုပြီးစီးသောအခါ၊ အာရှုရိဘုရင် အား မိမိ၏ဝါကြွားမှုနှင့်မာန်မာနကြီး မှုတို့အတွက်အပြစ်ဒဏ်ခတ်မည်'' ဟုမိန့် တော်မူ၏။
ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။ သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသော ထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။
ထိုသူက``သင့်ထံသို့ငါလာသည့်အကြောင်း ကိုသင်သိသလော။ ငါလာရသည့်အကြောင်း မှာသမ္မာတရားစာစောင်တော်တွင်ရေးသား ဖော်ပြချက်ကို သင့်အားပြောကြားရန်ဖြစ် ပါသည်။ ငါသည်ယခုပြန်၍ပါရှနိုင်ငံ ကိုစောင့်ထိန်းသည့်ကောင်းကင်တမန်နှင့်စစ် တိုက်ရမည်။ ထိုနောက်ဂရိတ်နိုင်ငံကိုစောင့်ထိန်း သည့်ကောင်းကင်တမန်နှင့်တိုက်ခိုက်ရမည်။ ဣသရေလနိုင်ငံကိုစောင့်ထိန်းသည့်ကောင်း ကင်တမန်မိက္ခေလမှတစ်ပါး ငါ့အားကူ ညီမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-
သူသည်ဗိမာန်တော်တည်ရာတောင်တော်နှင့် ပင်လယ်စပ်ကြားတွင် မိမိအတွက်တဲတော် ကြီးများကိုပင်တည်ဆောက်လိမ့်မည်။ သို့ ရာတွင်မိမိအားမစကူညီမည့်သူမရှိ ဘဲထိုအရပ်တွင်သေဆုံးလိမ့်မည်။''
ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။
တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။
ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။-
ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။ သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။''
ဗာလမ်သည်အောက်ပါဗျာဒိတ်တော်ကိုဆင့်ဆို သည်။ ``မြောက်အရပ်တွင်မည်သူတို့စုရုံးနေကြ သနည်း။
``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။
သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။