ဗင်္ယာမိန်သည်လုယူကိုက်စားတတ်သော ဝံပုလွေနှင့်တူ၏။ နံနက်နှင့်ညနေအချိန်၌သားကောင်ကို ကိုက်ဖြတ်၍စားတတ်၏'' ဟုမြွက်ဆို၏။
တောလည် 23:24 - Common Language Bible ဣသရေလနိုင်ငံသည်ခွန်အားကြီးသောခြင်္သေ့ နှင့်တူ၏။ သားကောင်ကိုမသတ်ဖြတ်သွေးကိုမသောက် ရလျှင် ထိုခြင်္သေ့သည်ငြိမ်ဝပ်၍နေမည်မဟုတ်။'' Garrad Bible ထို လူ မျိုး သည်၊ သီ ဟ ခြင်္သေ့ ကဲ့ သို့ ထ ကြွ လျက် ကိုက် သတ် သော အ ကောင်၏ အ သွေး အ သား ကို မ စား မ သောက် မ ချင်း ဝပ် မည် မ ဟုတ် ဟု ဆို သော်၊ Judson Bible ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည်။ ခြင်္သေ့ပျိုကဲ့သို့ ထွက်လိမ့်မည်။ ဖမ်းမိသောအကောင်ကို မစားမီ၊ သတ်အပ်သောတိရစ္ဆာန်အသွေးကို မသောက်မီတိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ဤလူမျိုးသည် ခြင်္သေ့မကဲ့သို့ထကြွ၍ ခြင်္သေ့ထီးကဲ့သို့ မာန်ဝင့်နေ၏။ သူသည် သားကောင်ကိုမစားရမီ၊ သူကိုက်သတ်သောအကောင်၏သွေးကိုမသောက်ရမီ လဲလျောင်းနေမည်မဟုတ်”ဟု ဆိုလေ၏။ |
ဗင်္ယာမိန်သည်လုယူကိုက်စားတတ်သော ဝံပုလွေနှင့်တူ၏။ နံနက်နှင့်ညနေအချိန်၌သားကောင်ကို ကိုက်ဖြတ်၍စားတတ်၏'' ဟုမြွက်ဆို၏။
ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
ထိုရာဇပလ္လင်သို့တတ်ရန်လှေကားခြောက် ထစ်ရှိလေသည်။ ရာဇပလ္လင်နှင့်တစ်စပ်တည်း ရွှေဖြင့်မွမ်းမံထားသောခြေတော်တင်ခုံရှိ၏။ ရာဇပလ္လင်၏တစ်ဖက်တစ်ချက်တွင်လက်ရုံး တန်းတစ်ခုစီရှိ၍ယင်းတို့၏နံဘေးတွင် ရပ်လျက်နေသောခြင်္သေ့ရုပ်တစ်ကောင်စီ ရှိ၏။-
သူတို့သည်ခြင်္သေ့များကဲ့သို့ကျွန်တော်မျိုးအား အပိုင်းပိုင်းဆုတ်ဖြဲလိုကြ၍ကျွန်တော်မျိုးကို ချောင်းမြောင်းနေကြပါ၏။
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။
ခြင်္သေ့များခိုအောင်းရာသားရဲတွင်း၊ခြင်္သေ့ငယ် များကို အစာကျွေးရာ၊ ခြင်္သေ့ကြီးငယ်တို့ဘေးမဲ့လုံခြုံစွာလာ ရောက်ခိုလှုံရာ အရပ်နှင့်တူသောမြို့သည် ယခုအဘယ်မှာရှိသနည်း။
ခြင်္သေ့သည်သားကောင်ကိုသတ်ပြီးလျှင်၊ ခြင်္သေ့မနှင့် သားငယ်တို့အတွက် အပိုင်းပိုင်းအစစဖြစ်အောင်ကိုက်ဖြတ်ကာ၊ ထိုအသားစများဖြင့်မိမိသားရဲတွင်းကို ပြည့်စေတတ်၏။
``ထိုအခါငါသည်ယုဒနွယ်သားစုများ ကိုတောမီးကဲ့သို့လည်းကောင်း၊ စပါးမှည့် လျက်နေသည့်လယ်ကွက်တွင်လောင်သောမီး ကဲ့သို့သော်လည်းကောင်းဖြစ်စေမည်။ သူတို့ သည်မိမိတို့အနီးအနားရှိလူမျိုးအပေါင်း တို့ကိုသုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ယေရု ရှလင်မြို့သူမြို့သားတို့မူကား မိမိတို့မြို့ တွင်း၌ဘေးမဲ့လုံခြုံစွာနေကြလိမ့်မည်။
ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ကိုမကျိန် ဆဲပါနှင့်။ သို့ရာတွင်သူတို့အားကောင်းချီး မပေးပါနှင့်'' ဟုဆို၏။
ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
ဂဒ်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဂဒ်အနွယ်၏နယ်မြေကိုကျယ်ဝန်းစေသော ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ဂဒ်အနွယ်သည်ခြင်္သေ့သဖွယ်လက်မောင်း သို့မဟုတ် ဦးခေါင်းခွံကိုကိုက်ဖြတ်ရန်ချောင်းနေ၏။
ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။