ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
တောလည် 22:34 - Common Language Bible ထိုအခါဗာလမ်က``အကျွန်ုပ်အပြစ်ကူး လွန်မိပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်ကိုတား ဆီးရန်လမ်းပေါ်တွင်ရပ်နေသည်ကိုအကျွန်ုပ် မသိပါ။ အကျွန်ုပ်အားခရီးဆက်၍မသွား စေလိုလျှင်အိမ်သို့ပြန်ပါမည်'' ဟုဆိုလေ ၏။ Garrad Bible ဗာ လမ် က၊ အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။ ဆီး ဆို့ ရန် လမ်း တွင် ရပ် နေ တော် မူ သည် ကို မ သိ ပါ။ ယ ခု မှာ သွား စေ တော် မ မူ လို လျှင် ပြန် သွား ပါ မည် ဟု လျှောက် ဆို သည့် ကာ လ၊ Judson Bible ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ်မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါမည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အားဆိုလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဗာလမ်က ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆီးတားရန် လမ်း၌ရပ်နေသည်ကို အကျွန်ုပ်မသိပါ။ ကိုယ်တော်မနှစ်မြို့လျှင် အကျွန်ုပ်ပြန်သွားပါမည်”ဟု လျှောက်လေ၏။ |
ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
သို့ရာတွင်ထိုသူအချို့တို့ကိုကိုယ်တော် သေစေတော်မူသော်လည်း ကြွင်းကျန်သောသူတို့မူကားအထံတော်သို့ ပြန်လာကြ၏။ သူတို့သည်နောင်တရလျက်စိတ်အားထက် သန်စွာ ဆုတောင်းပတ္ထနာပြုကြကုန်၏။
ဘုရင်သည်မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီး လျှင်``ဤတစ်ကြိမ်ငါပြစ်မှားမိပါပြီ။ ထာဝရ ဘုရားသည်မှန်ကန်၍ ငါနှင့်ငါ၏လူမျိုးတို့ သည်မှားပါ၏။-
လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
နောက်တစ်နေ့နံနက်စောစောအချိန်တွင် သူတို့ သည်တောင်ကုန်းဒေသကိုဝင်ရောက်သိမ်းပိုက် ရန်စတင်ချီတက်ကြလေသည်။ သူတို့က``ထာ ဝရဘုရားကတိထားတော်မူသောပြည်သို့ ယခုငါတို့သွားပါမည်။ ငါတို့ပြစ်မှားမိ ကြောင်းဝန်ခံပါ၏'' ဟုဆိုကြလေသည်။
ဘုရားသခင်ကဗာလမ်အား``သင်သည်ဤ သူတို့နှင့်အတူမလိုက်သွားရ။ ဣသရေလ အမျိုးသားတို့သည် ငါ၏ကောင်းချီးမင်္ဂလာ ကိုခံရသောသူများဖြစ်သဖြင့်သူတို့ ကိုမကျိန်ဆဲရ'' ဟုမိန့်တော်မူ၏။
သင်၏မြည်းသည်ငါ့ကိုမြင်သဖြင့်သုံးကြိမ် တိုင်လမ်းလွှဲခဲ့ပြီ။ အကယ်၍မြည်းသည်လမ်း မလွှဲခဲ့လျှင် ငါသည်သင့်ကိုသတ်၍မြည်း ကိုအသက်ချမ်းသာပေးပြီ'' ဟုဆိုလေ၏။
ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
ရှောလုက``အကျွန်ုပ်သည်အပြစ်ကူးလွန်မိပါ ပြီ။ သို့ရာတွင်ယုတ်စွအဆုံးအကျွန်ုပ်၏အမျိုး သားခေါင်းဆောင်များရှေ့၌လည်းကောင်း၊ ဣသရေလ အမျိုးသားတစ်ရပ်လုံး၏ရှေ့၌လည်းကောင်း အကျွန်ုပ် ၏ဂုဏ်အသရေမပျက်စေဘဲ အကျွန်ုပ်သည်အရှင် ၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်နိုင်ရန်အကျွန်ုပ်နှင့်အတူအရှင်ပြန်၍ လိုက်ခဲ့ပါ'' ဟုတောင်းပန်၏။-
ထိုနောက်ဒါဝိဒ်အား``သင်သည်မှန်ကန်၍ ငါသည်မှားပါ၏။ ငါသည်သင့်အားဆိုး ယုတ်စွာပြုခဲ့သော်လည်း သင်သည်ငါ့ ကိုကျေးဇူးပြုပါသည်တကား။-
ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။