ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အမိန့်တော် ရှိသမှကိုအလေးဂရုပြုပါလှင် အရှက်တကွဲအကျိုးနည်းရလိမ့်မည်မဟုတ်ပါ။
တောလည် 2:34 - Common Language Bible ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။ Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ ၍ အ သီး အ သီး တို့ သည် ကိုယ့် အ ဆက် အ နွယ်၊ ကိုယ့် အိမ် ထောင် များ အ လိုက် တပ် ပိုင်း တွင် ချ ရပ် ခြင်း၊ ချီ သွား ခြင်း ပြု ကြ ကုန် ၏။ Judson Bible ထာဝရဘုရားသည်၊ မောရှေအားမှာထားတော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကိုလည်းကောင်း၊ မိမိဘိုးဘအမျိုးအလိုက်ချီခြင်းကိုလည်းကောင်း ပြုရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။ |
ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အမိန့်တော် ရှိသမှကိုအလေးဂရုပြုပါလှင် အရှက်တကွဲအကျိုးနည်းရလိမ့်မည်မဟုတ်ပါ။
ဣသရေလအမျိုးသားတို့သည်၊ ထာဝရ ဘုရားက မောရှေအားမိန့်တော်မူသမျှ တို့ကိုလုပ်ဆောင်ပြီးစီးကြ၏။-
ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ မိမိတို့၏တပ်စုအလိုက်၊ အဖွဲ့အလိုက်၊ မိမိတို့၏အလံအနားမှာနေရာယူရမည်။-
ထာဝရဘုရားသည်မောရှေအားအမိန့်ပေးတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည်လိုက်နာဆောင်ရွက်ကြ၏။
သူတို့သည်သိနာတောကန္တာရမှခရီးထွက် ခွာလာကြလေသည်။ မိုးတိမ်သည်ပါရန်ဟု ခေါ်သောတောကန္တာရသို့ရောက်သောအခါ ရပ်တန့်လေသည်။
ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။
ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ လူတိုင်းမိမိတပ်နှင့်ဆိုင်သောအလံနှင့် မိမိသားချင်းစုနှင့်ဆိုင်သောအလံအနီးတွင်နေရာယူရမည်။ ဣသရေလအမျိုးသားတို့သည်တဲတော်ပတ်လည်တွင်စခန်းချရမည်။
ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
ဣသရေလအမျိုးသားတို့သည်နောင်အခါ ဘေးဒုက္ခရောက်မည်ကိုငါမမြင်။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ်ကြောင်း ကို ကြေညာကြ၏။
ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။-
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-