တောလည် 10:28 - Common Language Bible28 ဣသရေလအမျိုးသားတို့သည်စခန်းဖြုတ် ၍ခရီးထွက်သည့်အခါတိုင်း အထက်ဖော်ပြ ပါအစီအစဉ်အရတပ်စုအလိုက်ချီတက် ကြရသည်။ အခန်းကိုကြည့်ပါ။Garrad Bible28 ဣ သ ရေ လ အ မျိုး သား တို့ သည် တပ် စဉ် အ လိုက် ထို သို့ ခ ရီး ကောက် ချီ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသို့ဣသရေလအမျိုးသားတို့သည် ချီသွားသောအခါ တပ်များအစဉ်အတိုင်းချီ၍ ခရီးသွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ဤအစီအစဉ်အတိုင်း အစ္စရေးအမျိုးသားတို့သည် မိမိတို့တပ်ဖွဲ့အလိုက် ခရီးပြုကြ၏။ အခန်းကိုကြည့်ပါ။ |
မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။