ထိုနောက်ဆက်လက်၍``ငါအီဂျစ်ပြည်သို့မ ရောက်မီမွေးဖွားသောသင်၏သားနှစ်ယောက် တို့သည်ငါနှင့်ဆိုင်၏။ ဧဖရိမ်နှင့်မနာရှေ တို့သည်ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ငါ့သား များဖြစ်ကြသည်။-
တောလည် 2:18 - Common Language Bible အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ ၄၀၅၀၀ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ၃၂၂၀၀ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ၃၅၄၀၀ စုစုပေါင်း ၁၀၈၁၀၀ ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။- Garrad Bible အ နောက် မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ဧ ဖ ရိမ့် တပ် ပိုင်း၊ ဧ ဖ ရိမ့် အ နွယ် သား စာ ရင်း ဝင် သူ လေး သောင်း ငါး ရာ တပ် ပေါ် တွင် အ မိ ဟုဒ် သား ဧ လိ ရှ မာ ဗိုလ် လုပ် ရ မည်။ Judson Bible အနောက်မျက်နှာ၌ ဧဖရိမ်တပ်အလုံးအရင်းသည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်တပ်စခန်း၏အလံနားရှိ ဧဖရိမ်တပ်ဖွဲ့သည် အနောက်ဘက်၌ စခန်းချရမည်။ အမိဟုဒ်၏သား ဧလိရှမာသည် ဧဖရိမ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
ထိုနောက်ဆက်လက်၍``ငါအီဂျစ်ပြည်သို့မ ရောက်မီမွေးဖွားသောသင်၏သားနှစ်ယောက် တို့သည်ငါနှင့်ဆိုင်၏။ ဧဖရိမ်နှင့်မနာရှေ တို့သည်ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ငါ့သား များဖြစ်ကြသည်။-
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
ထိုနောက်ဧဖရိမ်အနွယ်တပ်အလံနောက်မှ လိုက်ရသောလူစုကို အမိဟုဒ်၏သားဧလိ ရှမာသည်အုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''