ကမ္ဘာဦး 48:5 - Common Language Bible5 ထိုနောက်ဆက်လက်၍``ငါအီဂျစ်ပြည်သို့မ ရောက်မီမွေးဖွားသောသင်၏သားနှစ်ယောက် တို့သည်ငါနှင့်ဆိုင်၏။ ဧဖရိမ်နှင့်မနာရှေ တို့သည်ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ငါ့သား များဖြစ်ကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible5 သင့် ထံ ငါ မ ရောက် မီ အိ ဂျစ် ပြည် တွင် သင် ရ နှင့် သော သား နှစ် ယောက်၊ ဧ ဖ ရိမ် နှင့် မ နာ ရှေ တို့ သည် ရု ဗင် နှင့် ရှိ မောင် တို့ ကဲ့ သို့ ငါ့ သား ဖြစ် ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible5 သင်နေသော အဲဂုတ္တုပြည်သို့ငါမရောက်မီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သောသားနှစ်ယောက်၊ ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားဖြစ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။ အခန်းကိုကြည့်ပါ။ |
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။