ဣဇာက်၏အစေခံတို့သည်ထိုချိုင့်ဝှမ်း၌ရေ တွင်းသစ်တစ်တွင်းတူးရာရေထွက်လေ၏။-
တောလည် 19:17 - Common Language Bible ထိုကဲ့သို့မသန့်စင်သူများကိုသန့်စင်လာ စေရန် အပြစ်ဖြေရာနွားနီမ၏ပြာအိုး တစ်လုံးတွင်စမ်းရေနှင့်ရော၍ထည့်ရမည်။- Garrad Bible ထို သို့ မ သန့် ရာ ရောက် သူ တို့ အ ဖို့ ကျွမ်း ပြီး ကင်း ရှင်း ရာ ကင်း ရှင်း ကြောင်း နွား ပြာ မုန့် အ ချို့ အ ဝက် ကို ယူ၍ အိုး ရှိ စမ်း ရေ နှင့် ဖျော် စပ် ပြီး လျှင်၊ Judson Bible မစင်ကြယ်သောသူဖို့ အပြစ်ကင်းစေရာ မီးရှို့သောနွားမ၏ ပြာအချို့ကိုယူ၍၊ စီးသောရေနှင့်အတူ အိုး၌ထည့်ပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း မစင်ကြယ်သောသူအတွက် အပြစ်ဖြေရာယဇ်ဖြစ်သည့်မီးရှို့ထားသောနွားမတမ်း၏ပြာကို ယူ၍ စမ်းရေနှင့်အတူ အိုးထဲသို့ ထည့်ပြီးလျှင် |
ဣဇာက်၏အစေခံတို့သည်ထိုချိုင့်ဝှမ်း၌ရေ တွင်းသစ်တစ်တွင်းတူးရာရေထွက်လေ၏။-
မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
အိမ်၌လူသေသဖြင့်မသန့်စင်မှုပေါ်ပေါက် ခဲ့သော် ဘာသာရေးထုံးနည်းအရသန့်စင် သူက ဟုဿုပ်ညွန့်ကိုရေထဲ၌နှစ်ပြီးလျှင် တဲကိုလည်းကောင်း၊ တဲထဲ၌ရှိသမျှသော ပစ္စည်းများနှင့်လူများကိုလည်းကောင်းဖျန်း ရမည်။ လူသေအရိုး၊ လူသေကောင်သို့မဟုတ် သင်္ချိုင်းကိုကိုင်တွယ်မိ၍ မသန့်စင်သူကို သန့်စင်သူကရေနှင့်ဖျန်းရမည်။-
ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။-
ကျမ်းစာလာသည်အတိုင်း `ငါ့ကိုယုံကြည်သူ ၏စိတ်နှလုံးအထဲမှအသက်ရေသည်စမ်း ချောင်းသဖွယ်စီးထွက်နေလိမ့်မည်' '' ဟု ကြွေးကြော်တော်မူ၏။-
ဆိတ်သွေး၊ နွားသွေး၊ နွားမကလေး၏ပြာတို့ ကိုညစ်ညမ်းသူတို့၏အပေါ်ပက်ဖျန်းသဖြင့် အညစ်အကြေးများကိုဆေးကြောသုတ်သင် ကာလူတို့အားသန့်စင်နိုင်စွမ်းရှိပါလျှင်၊-
အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။