တောလည် 19:16 - Common Language Bible16 မြို့ပြင်တွင်အသတ်ခံရသူသို့မဟုတ် သဘာဝအလျောက်သေဆုံးသူ၏အလောင်း၊ အရိုး၊ သင်္ချိုင်းကိုကိုင်တွယ်မိသောသူသည် ခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible16 ကွင်း ပြင်၌ လည်း ထား ဖြင့် သေ သူ မှ စ သော သူ သေ အ လောင်း၊ အ ရိုး၊ သင်္ချိုင်း များ ကို ထိ မိ သူ တိုင်း ခု နစ် ရက် ပတ် လုံး မ သန့် လျက် နေ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible16 သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်မှဆင်းသက်သောယဇ်ပုရောဟိတ် တို့အားအောက်ပါအတိုင်းမိန့်တော်မူသည်။ ယဇ်ပုရောဟိတ်သည်မိမိ၏အမိအဖ၊ သား သမီး၊ ညီအစ်ကို၊ မိမိနှင့်အတူနေထိုင် သောအိမ်ထောင်မကျသေးသည့်ညီအစ်မ စသည်တို့မှလွဲ၍အခြားဆွေမျိုးသား ချင်းတို့၏အသုဘကိစ္စများ၌ပါဝင် ဆောင်ရွက်ခြင်းအားဖြင့်ဘာသာရေး ထုံးနည်းအရမိမိကိုယ်ကိုမညစ် ညမ်းစေရ။-