ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
တောလည် 18:9 - Common Language Bible မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။- Garrad Bible မီး မ ပူ ဇော် ဘဲ ချန် ထား သော အ ထူး သီး သန့် များ အ နက် သင့် ပိုင် စု ကား ငါ့ ထံ ဆက် သွင်း သော အ လှူ ဒါ န တည်း ဟူ သော ဘော ဇဉ် သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ ဟူ သ မျှ တည်း။ သင် နှင့် သား စဉ်မြေး ဆက် တို့ အ ဖို့ အ ထူး သီး သန့် လိမ့် မည်။ Judson Bible မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ် ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဖို့ သန့်ရှင်းရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါ့အား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်စသော ပူဇော်သက္ကာအားလုံးတို့ထဲမှ မီးမရှို့ဘဲဖယ်ထားသည့် အသန့်ရှင်းဆုံးပူဇော်သက္ကာသည် သင့်အဖို့ဖြစ်၍ သင်နှင့် သင်၏သားတို့အဖို့ အသန့်ရှင်းဆုံးသောအရာဖြစ်၏။ |
ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊-
ပညတ်ကျမ်းတွင်ပြဋ္ဌာန်းဖော်ပြထားသည့် အတိုင်း ငါတို့သည်ဘုရားသခင်အားဆက် ကပ်ရန်အတွက် မိမိတို့၏သားဦးကိုလည်း ကောင်း၊ မိမိတို့နွား၊ သိုး၊ ဆိတ်တို့မှမွေးဖွား သည့်သားဦးကိုလည်းကောင်းဗိမာန်တော် ရှိယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ပါ မည်။
ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက်ဖြေရာယဇ် တို့ကိုစားသုံးကြရမည်။ ထိုမှတစ်ပါးလည်း သူတို့သည်ဣသရေလပြည်တွင် ငါ၏အတွက် သီးသန့်ထားသမျှသောအရာမှန်သမျှကို ရရှိကြလိမ့်မည်။-
``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။-
ကျန်သောမုန့်သည် ယဇ်ပုရောဟိတ်များသုံး ဆောင်ရန်အတွက်ဖြစ်စေရမည်။ ထိုမုန့်သည် ထာဝရဘုရားအားပူဇော်ပြီးသောမုန့် ထဲကဖြစ်သောကြောင့်အလွန်သန့်ရှင်းသည်။
သို့ရာတွင်မိမိငွေဖြင့်ဝယ်သောကျွန်သို့ မဟုတ် မိမိအိမ်၌မွေးဖွားသောကျွန်တို့ သည်ယဇ်ပုရောဟိတ်၏အစားအစာကို စားနိုင်သည်။-
နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
အကယ်၍အုပ်ချုပ်သောမင်းသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
အကယ်၍သာမန်လူတစ်ဦးသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
အောက်ဖော်ပြပါကူးလွန်မူများအတွက် အပြစ်ဖြေရာယဇ်ပူဇော်ရန်လိုအပ်သည်။ တစ် စုံတစ်ယောက်သောသူအားတရားရုံးမှသက် သေခံရန်ဆင့်ခေါ်သည့်အခါ သူသည်မိမိ မြင်ရကြားရသည့်အတိုင်းထုတ်ဖော်ပြောဆို ခြင်းမပြုလျှင် အပြစ်ကူးလွန်ရာရောက်သည်။
အပြစ်ဒဏ်အတွက်သူသည် ထာဝရဘုရား ထံတော်သို့သိုးမသို့မဟုတ်ဆိတ်မကိုယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် ထိုသူ၏အပြစ်အတွက်ယဇ်ကောင်ကို ပူဇော်ရမည်။
ထာဝရဘုရားသည် အာရုန်၏အဆက် အနွယ်ယဇ်ပုရောဟိတ်တို့အားသိက္ခာတင် ခြင်းနှင့်ပတ်သက်၍ အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်ချမှတ်ပေးတော် မူ၏။ ယဇ်ပုရောဟိတ်ကိုသိက္ခာတင်သောနေ့၌ သူသည်ထာဝရဘုရားအားမုန့်ညက်နှစ် ပေါင် (နေ့စဉ်ပူဇော်သောဘောဇဉ်အချင်အတွယ် အတိုင်း) ကိုနံနက်တစ်ပေါင်ညနေတစ်ပေါင် ပူဇော်ရမည်။-
သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။
အပြစ်ဒဏ်ပြေရာပူဇော်သကာနှင့်ဆိုင် သောပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
ယဇ်ပုရောဟိတ်ယောကျာ်းအပေါင်းတို့သည် ထို ယဇ်ကောင်၏အသားကိုစားနိုင်သည်။ ထိုပူဇော် သကာသည်အလွန်သန့်ရှင်းသောကြောင့် သန့်ရှင်း ရာဌာနတွင်စားရမည်။
အပြစ်ဖြေရာပူဇော်သကာနှင့် အပြစ်ဒဏ်ပြေ ရာပူဇော်သကာနှစ်မျိုးစလုံးနှင့်ဆိုင်သော ပြဋ္ဌာန်းချက်မှာ ယဇ်ပူဇော်သောယဇ်ပုရောဟိတ် သည်ယဇ်ကောင်၏အသားကိုစားသုံးခွင့်ရှိ ခြင်းဖြစ်သည်။-
သကာများကိုသန့်ရှင်းသောဌာနတွင်စားရ မည်။ အမျိုးသားများသာလျှင်စားရမည်။ ထို အစာသည်သန့်ရှင်းသောအစာဖြစ်၏။
``ယဇ်ပုရောဟိတ်အမျိုးဖြစ်သောလေဝိအနွယ် ဝင်အပေါင်းတို့သည် ဣသရေလနိုင်ငံတွင်နယ် မြေဝေစုမရရှိစေရ။ သို့ရာတွင်သူတို့သည် ထာဝရဘုရားအား ဆက်ကပ်ပူဇော်သောလှူ ဖွယ်များကိုသုံးဆောင်ကြရမည်။-