ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
တောလည် 16:27 - Common Language Bible သို့ဖြစ်၍သူတို့သည်ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများမှဝေးရာသို့ ခွာသွားကြလေသည်။ ဒါသန်နှင့်အဘိရံတို့သည်သားမယား များနှင့်အတူထွက်၍ မိမိတို့တဲဝ၌ရပ် နေကြသည်။- Garrad Bible ကော ရ၊ ဒါ သန်၊ အ ဘိ ရံ တို့ နေ ရာ အ ရပ် ပတ် ဝန်း ကျင် မှ ထွက် ခွာ ကြ၏။ ဒါ သန်၊ အ ဘိ ရံ တို့ လည်း မ ယား သား သ မီး တို့ နှင့် တ ကွ ကိုယ့် တဲ ဝ သို့ ထွက် လျက် ရပ် နေ ကြ ရာ၊ Judson Bible လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယားအကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲနှင့် ဝေးဝေးနေကြလေ၏။ ဒါသန်နှင့်အဘိရံသည်လည်း မိမိတို့၏သားမယားများနှင့် ကလေးငယ်များပါထွက်လာ၍ တဲအဝင်ဝ၌ ရပ်နေကြ၏။ |
ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
တဲတော်သို့မောရှေသွားသည့်အခါတိုင်း၊ လူများသည် မိမိတို့တဲရှေ့တွင်ရပ်လျက်၊ မောရှေတဲတော်သို့ဝင်သွားသည့်အထိ စောင့်ကြည့်လေ့ရှိကြ၏။-
ယခုယေရုရှလင်မြို့တွင် ဤလူတို့အား အုပ်စိုးလျက်ရှိသည့်အချင်းမောက်မာ ထောင်လွှားသူတို့၊ ထာဝရဘုရားမိန့် တော်မူသည်ကိုနားထောင်ကြလော့။-
လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-