Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 16:1 - Common Language Bible

1-2 လေ​ဝိ​အ​နွယ်​ဝင်၊ ကော​ဟတ်​၏​သား​ချင်း​စု​မှ ဣ​ဇ​ဟာ​၏​သား​ကော​ရ​သည်​မော​ရှေ​ကို​ပုန် ကန်​လေ​၏။ သူ​နှင့်​ကြံ​ရာ​ပါ​များ​မှာ​ရု​ဗင် အ​နွယ်​ဝင်​သုံး​ဦး​တို့​ဖြစ်​ကြ​သည်။ ထို​သူ တို့​မှာ​ဧ​လျာ​ဘ​၏​သား​များ​ဖြစ်​သော ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်​၏​သား​သြ​န တို့​ဖြစ်​ကြ​သည်။ သူ​တို့​ဘက်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​နှစ်​ရာ့​ငါး​ဆယ် လည်း​ပါ​ဝင်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို နောက် လေ ဝိ မြစ်၊ ကော ဟတ် မြေး၊ ဣ ဇ ဟာ့ သား ကော ရ သည် ရု ဗင့် အ နွယ်၊ ဧ လျာ ဘ သား ဒါ သန် နှင့် အ ဘိ ရံ၊ ပေ လက် သား သြ န တို့ ပါ လူ တို့ ကို ခေါ် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​သား ဣ​ဇ​ဟာ၏​သား​ကော​ရ​သည်၊ ရု​ဗင်​အ​မျိုး​ဧ​လျာ​ဘ၏​သား ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်၏​သား ဩ​န​တို့​ကို​ခေါ်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 လေဝိ​၏​မြစ်​၊ ကောဟတ်​၏​မြေး​၊ ဣဇဟာ​၏​သား ကောရ​သည် ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား ဒါသန်​နှင့်​အဘိရံ​၊ ပေလက်​၏​သား ဩန တို့​ကို​ခေါ်​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 16:1
11 ပူးပေါင်းရင်းမြစ်များ  

သဲ​ကန္တာ​ရ​တွင်​သူ​တို့​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​စေ​ခံ အာ​ရုန်​အား​လည်း​ကောင်း​ငြူ​စူ​ကြ​၏။


လေ​ဝိ​၏​သား​သုံး​ယောက်​မှာ​ဂေ​ရ​ရှုံ၊ ကော ဟတ်၊ မေ​ရာ​ရိ​တို့​ဖြစ်​ကြ​၏။ ဤ​သူ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​များ​ကို​ခံ​ယူ​သော​အ​ဆက် အ​နွယ်​များ​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ လေ​ဝိ သည်​တစ်​ရာ​သုံး​ဆယ့်​ခု​နစ်​နှစ်​အ​ထိ​အ​သက် ရှည်​၏။-


ကော​ဟတ်​၏​သား​လေး​ယောက်​မှာ​အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ သြ​ဇေ​လ​တို့​ဖြစ်​ကြ​၏။ ကော​ဟတ်​သည်​တစ်​ရာ​သုံး​ဆယ့်​သုံး​နှစ် အ​ထိ​အ​သက်​ရှည်​၏။-


ဣဇ​ဟာ​၏​သား​တို့​မှာ​ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ တို့​ဖြစ်​၏။-


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သင်​တို့​၏ ဘု​ရား​ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​၏။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။


``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-


ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-


သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ