သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။-
ယေ ဖု န္နာ့ သား ကာ လက်၊ နုန့် သား ယော ရှု တို့ ကို ချန် ထား လျက် ငါ့ ကို ညည်း ညူ ကြ သော အ သက် နှစ် ဆယ် ကျော်၊ ရေ တွက် ၍ စာ ရင်း ဝင် သူ အ ပေါင်း တို့ သည် နေ ထိုင် ခွင့် ပေး မည် ဟု လက် ရုံး မြှောက် ကာ ငါ သ စ္စာ ဆို ခဲ့ သော ပြည် သို့ ဝင် ရောက် ခွင့် မ ရ ဘဲ ဤ သဲ တော တွင် အ သေ ကောင် ဖြစ် နေ ရ ကြ လိမ့် မည်။
သင်တို့ကိုရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောသူအပေါင်းတို့သည် သေ၍ ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။
စာရင်းကောက်ရာတွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စာရင်းဝင်သောသူရှိသမျှတို့သည် ငါ့ကို အပြစ်တင်ကြသည်ဖြစ်၍ ဤတောကန္တာရထဲ၌ သူတို့၏အလောင်းကောင်များ ကျန်ရစ်ရလိမ့်မည်။
သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားတော ကန္တာရတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့၏သားမြေးများအားဘုရားမဲ့သူတို့ ထံတွင် ကွဲလွင့်စေလျက်တိုင်းတစ်ပါးတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း ကြပ်တည်းစွာ သတိပေးတော်မူ၏။
သို့ဖြစ်၍ကိုယ်တော်သည်သူတို့အား ထွက်သက်ဝင်သက်တမျှတစ်ခဏချင်း၌ အသက်ဆုံးရှုံးစေတော်မူ၏။ သူတို့၏ဘဝကိုရုတ်တရက်ကျရောက်သည့် ဘေးအန္တရာယ်ကြောင့်နိဂုံးချုပ်စေတော်မူ၏။
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။-
ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။
သို့ဖြစ်စေကာမူထိုသူတို့အနက်လူအများ တို့အားဘုရားသခင်နှစ်သက်တော်မမူ။ ထို့ ကြောင့်သူတို့သည်တောကန္တာရ၌သေကြေ ပျက်စီးကြ၏။
ကာဒေရှဗာနာအရပ်မှဇေရက်မြစ်ကိုကူး သည်အထိ နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်ကြာခဲ့ သည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုလူမျိုးဆက်မှစစ်သူရဲအပေါင်းတို့ သည်ကွယ်လွန်ကြလေပြီ။-
နှစ်ပေါင်းလေးဆယ်တိုင်တိုင် ဘုရားသခင်၏ အမျက်တော်ရှခြင်းကိုခံရသူတို့ကား အဘယ်သူများနည်း။ ဒုစရိုက်အပြစ်ပြု သဖြင့် တောကန္တာရတွင်လဲ၍သေဆုံးသူ များဖြစ်၏။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ကယ်ဆယ်ကာအီဂျစ်ပြည်မှ ထုတ်ဆောင်လာတော်မူပြီးနောက် မိမိအား မယုံကြည်မကိုးစားသူတို့ကိုဆုံးပါး ပျက်စီးစေတော်မူကြောင်းကို သင်တို့သိရှိ ကြပြီးဖြစ်သော်လည်းသင်တို့အားငါ ပြန်လည်သတိရစေလို၏။-