သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
တောလည် 11:12 - Common Language Bible အကျွန်ုပ်သည်သူတို့ကိုဝမ်းနှင့်လွယ်၍မွေး ထုတ်ရသူဖြစ်ပါသလော။ ကိုယ်တော်သည်သူ တို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထား တော်မူသောပြည်သို့သွားရာလမ်းတစ်လျှောက် လုံးတွင် အဘယ်ကြောင့်အကျွန်ုပ်အားကလေး ထိန်းသဖွယ်သူတို့ကိုပိုက်ချီဆောင်ယူသွား စေပါသနည်း။- Garrad Bible ဘိုး ဘေး တို့ အား သ စ္စာ ဆို တော် မူ ခဲ့ သည့် အ တိုင်း ပေး လ တ္တံ့ သော ပြည် သို့ နို့ စို့ သူ ငယ် ကို အ ဘ ပွေ့ ဆောင် သည့် နည်း တူ ဤ လူ မျိုး ကို ရင် ခွင်၌ ပွေ့ ဆောင် လော့ ဟု အ မိန့် ပေး တော် မူ သည့် အ ကြောင်း မှာ ကျွန် တော် မျိုး သ န္ဓေ လွယ်၍ ဖွား မြင် ပါ သ လား။ Judson Bible သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက် ဆောင်လော့ဟု အကျွန်ုပ်အားမိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဖွားမြင်ပါသလော။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဤလူအပေါင်းတို့ကို ကိုယ်ဝန်ဆောင်ခဲ့ပါသလော။ ‘ထိုပြည်ကို သူတို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုခဲ့သည်နှင့်အညီ ကလေးထိန်းသည် နို့စို့ကလေးငယ်ကိုဆောင်သကဲ့သို့ ထိုပြည်သို့ သူတို့ကို သင့်ရင်ခွင်၌ ပွေ့ချီသွားလော့’ဟု အကျွန်ုပ်အား ကိုယ်တော်မိန့်တော်မူသည်မှာ အကျွန်ုပ်သည် သူတို့ကိုမွေးဖွားခဲ့ပါသလော။ |
သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။-
ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊-
သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့၏ဘိုး ဘေးတို့အားပေးမည်ဟု ခိုင်မြဲသောကတိသစ္စာ ထားသောခါနာန်ပြည်သို့သင်တို့ကိုပို့ဆောင် လိမ့်မည်။ ထိုပြည်သို့ရောက်သောအခါ၊-
ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
ထာဝရဘုရားသည်မောရှေအား ``သင်သည် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသူတို့နှင့် အတူ ဤအရပ်မှထွက်၍၊ ငါသည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်သူတို့၏အဆက်အနွယ် တို့အားပေးမည်ဟုကတိထားခဲ့သော ပြည်သို့သွားလော့။-
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါကတိထားသောပြည်သို့သင်တို့အားပို့ ဆောင်မည်။ ငါသည်ထိုပြည်ကိုသင်တို့အား အပိုင်ပေးမည်။ ငါသည်ထာဝရဘုရားဖြစ် ၏' ဟူ၍ပြောကြားရမည်'' ဟုမိန့်တော်မူ၏။-
ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
သူတို့၏တစ်ဦးတည်းသောသိုးထိန်းအဖြစ် ဖြင့် ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် အားခန့်ထားမည်။ သူသည်သူတို့အားစောင့် ထိန်းကြည့်ရှုလိမ့်မည်။-
``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
သင်တို့သည်ခရစ်တော်ကိုလက်ခံပြီးနောက် သင်တို့အားသွန်သင်မည့်ဆရာထောင်ပေါင်း များစွာရှိသော်လည်း ဖခင်ကားတစ်ဦးတည်း သာရှိပေသည်။ ငါသည်သတင်းကောင်းကို ကြေညာခြင်းအားဖြင့် သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေသည့်မွေး သဖခင်ဖြစ်လာ၏။-
ငါချစ်သောသားသမီးတို့၊ ခရစ်တော်၏စိတ် နေသဘောထားမျိုးကိုသင်တို့မရမချင်း ငါသည်သားဖွားသည့်မိခင်ကဲ့သို့တစ်ဖန် ဝေဒနာခံလျက်နေရ၏။-