ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
တောလည် 11:11 - Common Language Bible မောရှေက``ကိုယ်တော်အဘယ်ကြောင့်အကျွန်ုပ် အား ဆင်းရဲဒုက္ခရောက်စေတော်မူပါသနည်း။ အဘယ်ကြောင့်အကျွန်ုပ်သည်ရှေ့တော်၌မျက်နှာ မရပါသနည်း။ ဤသူအပေါင်းတို့အတွက် အကျွန်ုပ်အား အဘယ်ကြောင့်တာဝန်ပေးတော် မူပါသနည်း။- Garrad Bible ထာ ဝ ရ ဘု ရား အား မော ရှေ က၊ ကျွန် တော် မျိုး ၌ ဒု က္ခ ရောက် စေ တော် မူ၍ မျက် နှာ သာ တော် မ ပေး ဘဲ ဤ တစ် မျိုး လုံး ဝန် ကို တင် တော် မူ သည့် အ ကြောင်း မှာ အ သို့ နည်း။ Judson Bible ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌မျက်နှာမရဘဲ နေရပါသနည်း။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏အစေအပါးကို အဘယ်ကြောင့်ဒုက္ခရောက်စေပါသနည်း။ ဤလူမျိုးအပေါင်းတို့၏ဝန်ကို အကျွန်ုပ်အပေါ်၌တင်၍ ကိုယ်တော်၏ရှေ့တော်၌ အဘယ်ကြောင့် အကျွန်ုပ်ကို မျက်နှာမရစေပါသနည်း။ |
ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။
ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။
ထိုနောက်မောရှေသည်ထာဝရဘုရားထံတော် သို့``အို အရှင်ဘုရား၊ အဘယ်ကြောင့်ဤသူတို့ ကိုဒုက္ခရောက်စေပါသနည်း။ အကျွန်ုပ်အား အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။-
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
ကျွန်တော်မျိုးသည်အဘယ်ကြောင့် ဆက်လက် ၍ဝေဒနာခံရပါသနည်း။ ကျွန်တော်မျိုး ၏အနာများသည်အဘယ်ကြောင့် ကုသ၍ မပျောက်နိုင်ပါသနည်း။ အဘယ်ကြောင့်ထို အနာများမကျက်ဘဲနေပါသနည်း။ ကိုယ် တော်ရှင်သည်နွေအခါခန်းခြောက်သည့်ချောင်း ရေမထွက်သည့်စမ်းကဲ့သို့ကျွန်တော်မျိုး အားစိတ်ပျက်စေလိုတော်မူပါသလော'' ဟုလျှောက်၏။
သင်တို့သည်`ဘုရားသခင်အားဝတ်ပြု ကိုးကွယ်ရသည်မှာအချည်းနှီးပင်ဖြစ်၏။ ကိုယ်တော်မိန့်တော်မူသည့်အတိုင်းလိုက်နာ ဆောင်ရွက်သော်လည်းကောင်း၊ ငါတို့သည် မိမိတို့ပြုမိသည့်အပြစ်များအတွက် ဝမ်းနည်းကြောင်းအနန္တတန်ခိုးရှင်ထာဝရ ဘုရားအားကြိုးစားဖော်ပြ၍သော်လည်း ကောင်းအဘယ်အကျိုးရှိပါမည်နည်း။-
လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။-
အကျွန်ုပ်သည်ဤတာဝန်ထမ်းဆောင်ရမည် ဟုဆိုလျှင် ကိုယ်တော်သည်အကျွန်ုပ်အား သနားသဖြင့်ယခုပင်အသက်သေစေ၍ ဤဆင်းရဲဒုက္ခမှကင်းလွတ်စေတော်မူပါ'' ဟုထာဝရဘုရားအားလျှောက်ထားလေ သည်။
ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။-
သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-