ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
တောလည် 1:47 - Common Language Bible လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။- Garrad Bible လေ ဝိ အ နွယ် သား တို့ ကို ကား သူ တို့ စာ ရင်း တွင် မ သွင်း ချေ။ Judson Bible လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်းမဝင်ရသည်အမှုမှာ၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘိုးဘေးအမျိုးအနွယ်ထဲမှ လေဝိအမျိုးတို့ကိုကား သူတို့နှင့်အတူ မရေတွက်ပေ။ |
ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မောရှေအား``သင်သည်စစ်မှုမထမ်းနိုင်သူဦးရေစာရင်းကိုမကောက်နှင့်။-
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။-
လေဝိအနွယ်ဝင်ထဲမှတစ်လသားအရွယ် နှင့်အထက်ရှိသူတိုင်းကို သားချင်းစုနှင့် မိသားစုအလိုက်စာရင်းကောက်ရန်အမိန့် ရှိတော်မူသည့်အတိုင်း၊-
ထာဝရဘုရားသည်မောရှေအားမိန့်တော်မူ သည့်အတိုင်း လေဝိအမျိုးသားတစ်ယောက်စီ တို့ကိုစာရင်းကောက်ယူ၍ သူတို့အသီးသီး ဆောင်ရွက်ရမည့်ဝတ္တရားနှင့်သယ်ဆောင်ရ မည့်တာဝန်ကိုခွဲခန့်ပေးလေသည်။