တောလည် 1:20 - Common Language Bible
20-46 ယာကုပ်၏သားဦးဖြစ်သူရုဗင်၏အနွယ်မှအစပြု၍ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိအမျိုးသားအားလုံးတို့ကို သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေ၏။ စုစုပေါင်းလူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ဦးရေ ရုဗင် ၄၆၅၀၀ ရှိမောင် ၅၉၃၀၀ ဂဒ် ၄၅၆၅၀ ယုဒ ၇၄၆၀၀ ဣသခါ ၅၄၄၀၀ ဇာဗုလုန် ၅၇၄၀၀ ဧဖရိမ် ၄၀၅၀၀ မနာရှေ ၃၂၂၀၀ ဗင်္ယာမိန် ၃၅၄၀၀ ဒန် ၆၂၇၀၀ အာရှာ ၄၁၅၀၀ နဿလိ ၅၃၄၀၀ စုစုပေါင်း ၆၀၃၅၅၀
အခန်းကိုကြည့်ပါ။ ကော်ပီ
20-21 ဣ သ ရေ လ၏ သား ဦး ရု ဗင့် အ နွယ် သား တို့ တွင် အ ဆက် အ နွယ်၊ အိမ် ထောင်၊ အ မည် ဦး ရေ အ လိုက် ရေ တွက် သော် စစ် ချီ နိုင် သူ၊ အ သက် နှစ် ဆယ် ကျော် ယောက်ျား၊ ရု ဗင့် အ နွယ် သား လေး သောင်း ခြောက် ထောင့် ငါး ရာ။
အခန်းကိုကြည့်ပါ။ ကော်ပီ
20 ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ
20 အစ္စရေး၏သားဦးဖြစ်သော ရုဗင်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် တစ်ဦးချင်းစီ၏အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သော ယောက်ျားအားလုံး၏အရေအတွက်မှာ
အခန်းကိုကြည့်ပါ။ ကော်ပီ