သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
တမန်တော်ဝတ္ထု 9:24 - Common Language Bible သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။- Garrad Bible ထို အ ကြံ ကို ရှော လု ကြား သိ သ ဖြင့် ကွပ် မျက် ခွင့် ရ ရန်၊ နေ့ ညဉ့် မ ပြတ် မြို့ တံ ခါး များ တွင် စောင့် နေ ကြ သော် လည်း၊ Judson Bible ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကိုသတ်အံ့သောငှာ မြို့တံခါးတို့ကို နေ့ညမပြတ် စောင့်ကြသောကြောင့်၊- မြန်မာ့စံမီသမ္မာကျမ်း သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူတို့၏အကြံအစည်ကို ရှောလုသည်ကြားသိလေ၏။ ထိုသူတို့ကလည်း ရှောလုကို သတ်နိုင်ရန် နေ့ညမပြတ် မြို့တံခါးများကို စောင့်ကြည့်နေကြ၏။ |
သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
ယုဒအမျိုးသားတို့၏မသမာသောအကြံ အစည်များကြောင့်ဆင်းရဲဒုက္ခရောက်လျက် ရှိချိန်တွင် ငါသည်မျက်ရည်ကျလျက်စိတ် နှလုံးနှိမ့်ချကာ သခင်ဘုရား၏အစေခံ အဖြစ်ဖြင့်အမှုတော်ကိုထမ်းဆောင်ခဲ့၏။-
သူသည်ထိုပြည်တွင်သုံးလမျှနေ၏။ ထို နောက်ရှုရိပြည်သို့သင်္ဘောလွှင့်မည်အပြု တွင်သူ၏အသက်ကိုရန်ရှာရန် ယုဒအမျိုး သားတို့လျှို့ဝှက်ကြံစည်နေကြကြောင်းကို ကြားသိရ၏။ သို့ဖြစ်၍သူသည်မာကေ ဒေါနိပြည်ကိုဖြတ်၍ပြန်ရန်စိတ်ပိုင်းဖြတ် လိုက်လေသည်။-
ယုဒအမျိုးသားတို့သည်သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်းသတင်းကို ရရှိသဖြင့် အကျွန်ုပ်သည်သူ့အားအရှင့်ထံ သို့ချက်ချင်းစေလွှတ်လိုက်ပါ၏။ တရားလို များအားလည်းမိမိတို့၏အမှုကိုအရှင့် ရှေ့တော်တွင် လျှောက်လဲကြရန်ညွှန်ကြား လိုက်ပါသည်။ အရှင်ကျန်းမာပါစေသော'' ဟူ၍ပါရှိ၏။
အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-
သို့ရာတွင်ရှောလု၏တပည့်တို့သည်ညဥ့်အခါ သူ့ကိုတောင်းတွင်ထည့်၍မြို့ရိုးမှအောက်သို့ လျှောချကြ၏။
ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။-