ထိုအခါကျွန်တော်မျိုးသည်အပြစ်ကူးသူ တို့အား ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသွန်သင်ပါမည်။ သူတို့သည်လည်းအထံတော်သို့ပြန်လာ ကြပါလိမ့်မည်။
တမန်တော်ဝတ္ထု 9:21 - Common Language Bible သူ၏စကားကိုကြားသူအပေါင်းတို့သည် လွန်စွာအံ့သြကြလျက် ``ဤသူသည်ထို သခင်ကိုပတ္ထနာပြုသူဟူသမျှကိုယေရု ရှလင်မြို့တွင်သတ်ဖြတ်ခဲ့သူမဟုတ်ပါလော။ ထိုသူတို့ကိုဖမ်းဆီး၍ယဇ်ပုရောဟိတ်ကြီး များထံခေါ်ဆောင်သွားရန်လာရောက်သူ မဟုတ်ပါလော'' ဟုဆိုကြ၏။ Garrad Bible ကြား နာ သူ ခပ် သိမ်း တို့ အံ့ သြ လျက် ဤ သူ ကား ယေ ရု ရှ လင် မြို့ တွင် ထို နာ မ အား ပ ဌ နာ ပြု သူ တို့ ကို ဖျက် ဆီး ပြီး လျှင် ဤ မြို့ တွင် လည်း ချည် နှောင်၍ ပ ရော ဟိတ် ကြီး တို့ ထံ ပို့ အပ် ရန် အ ကြံ နှင့် ရောက် လာ ခဲ့ သူ မ ဟုတ် လော ဟု ဆို ကြ ၏။ Judson Bible ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤသူကား၊ ထိုသခင်ကို ပတ္ထနာပြုသောသူတို့ကို ယေရုရှလင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှာ ဤအရပ်သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြားသောသူအပေါင်းတို့သည် အံ့အားသင့်၍ “ဤသူသည် ဂျေရုဆလင်မြို့ရှိ ယေရှု၏နောက်လိုက်များကို ဖျက်ဆီးသူမဟုတ်လော။ ဤမြို့တွင်လည်း ထိုသူတို့ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံ ပို့ဆောင်ရန် ဤနေရာသို့ ရောက်လာသည်မဟုတ်လော” ဟု ပြောဆိုကြ၏။ |
ထိုအခါကျွန်တော်မျိုးသည်အပြစ်ကူးသူ တို့အား ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသွန်သင်ပါမည်။ သူတို့သည်လည်းအထံတော်သို့ပြန်လာ ကြပါလိမ့်မည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
သူတို့သည်လွန်စွာအံ့သြတွေဝေလျက် ``ဤ အမှုအရာကားအဘယ်သို့သောအမှုအရာ ဖြစ်သနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
ထိုအသံကိုကြားသောအခါလူပရိသတ် တို့သည်စုရုံးလာကြ၏။ တပည့်တော်တို့ဟော ပြောချက်များကို လူတိုင်းပင်မိမိဘာသာ စကားဖြင့်ကြားကြရသဖြင့်သူတို့သည် အံ့အားသင့်ကြ၏။-
ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။
ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။-
ဤသို့သူ့ကိုကျောက်ခဲနှင့်ပေါက်နေကြစဉ် သတေဖန်သည်``အို သခင်ယေရှု၊ အကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းပိုက်တော်မူပါ'' ဟုဆုတောင်း ၏။-
သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-