ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
တမန်တော်ဝတ္ထု 9:10 - Common Language Bible ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။ Garrad Bible ထို အ ခါ ဒ မာ သက် မြို့ တွင် အာ န နိ ဆို သူ တ ပည့် တော် တစ် ပါး ရှိ သ ဖြင့် အ ရှင် ဘု ရား သည် အာ န နိ ဟု မ နော အာ ရုံ ဖြင့် ခေါ် တော် မူ သော် အ ကျွန်ုပ် ရှိ ပါ သည် အ ရှင် ဘု ရား ဟု ထူး သည့် ကာ လ၊ Judson Bible ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တစ်ယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင်ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည်ဟု လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံ၌“အာနနိ”ဟု ခေါ်တော်မူလျှင် အာနနိက “အကျွန်ုပ်ရှိပါသည် သခင်ဘုရား”ဟု ပြန်လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားကသူ့အား ရူပါရုံတွင် “အာနနိ” ဟု ခေါ်ရာ သူက “အကျွန်ုပ်ရှိပါ၏သခင်ဘုရား” ဟု လျှောက်၏။ |
ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။
အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။-
မောရှေအနီးသို့ချဉ်းကပ်လာသည်ကိုမြင် တော်မူလျှင်၊ ထာဝရဘုရားသည်ချုံအလယ် မှ``မောရှေ၊ မောရှေ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါမောရှေက``အကျွန်ုပ်ရှိပါ၏ အရှင်ဘုရား'' ဟုလျှောက်လေ၏။
ထိုနောက်ထာဝရဘုရားက``ငါသည်အဘယ်သူကိုစေလွှတ်ရပါမည်နည်း'' ဟုမေးတော်မူ၏။ ငါကလည်း``ကျွန်တော်မျိုးသွားပါမည်။ ကျွန်တော်မျိုးအားစေလွှတ်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
ဘုရားသခင်သည်ထိုညဥ့်၌ပင်လျှင်ဗျာဒိတ် ရူပါရုံတွင် ခက်ခဲနက်နဲသောအိပ်မက်ကို ဒံယေလအားရှင်းလင်းဖော်ပြတော်မူ၏။ ထိုအခါဒံယေလသည်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ကျေးဇူးတော်ကိုဤသို့ ချီးမွမ်းလေ၏။
``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
မွန်းလွဲသုံးနာရီခန့်အချိန်၌ဘုရားသခင် ၏ကောင်းကင်တမန်သည်သူ့ထံသို့လာ၍ ``ကော် နေလိ'' ဟုခေါ်သည်ကိုဗျာဒိတ်ရူပါရုံတွင် အထင်အရှားမြင်ရ၏။
ပေတရုက ``ငါသည်ယုပ္ပေမြို့တွင်ဆုတောင်း ပတ္ထနာပြုလျက်နေစဉ် ဗျာဒိတ်ရူပါရုံကို မြင်ရ၏။ ရွက်ထည်ကြီးနှင့်တူသောအရာ တစ်ခုကိုထောင့်လေးထောင့်မှကိုင်၍ မိုး ကောင်းကင်မှချပေးသည်ကိုမြင်ရ၏။-
ပေတရုသည်အချုပ်ခန်းမှထွက်၍ ကောင်းကင် တမန်၏နောက်သို့လိုက်လေ၏။ သူသည်ကောင်းကင် တမန်ပြုသောအမှုကိုတကယ်အဖြစ်အပျက် ဟူ၍မသိ။ ဗျာဒိတ်ရူပါရုံကိုမြင်လျက်နေသည် ဟူ၍သာထင်မှတ်၏။-
ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
ပေါလုသည်ညဥ့်အခါဗျာဒိတ်ရူပါရုံတွင် ``မာကေဒေါနိပြည်သို့ဖြတ်ကူး၍အကျွန်ုပ် တို့အားကူညီမစပါ'' ဟုမာကေဒေါနိ ပြည်သားတစ်ယောက်သည်ရပ်လျက်တောင်းပန် နေသည်ကိုမြင်ရ၏။-
တစ်ညသ၌ပေါလုသည် ဗျာဒိတ်ရူပါရုံကို မြင်၏။ ဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားက ``ငါသည်သင်နှင့်အတူရှိသည်ဖြစ်၍မ ကြောက်နှင့်။ ဆက်လက်ဟောပြောလော့။ လက် မလျှော့နှင့်။-
`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
အာနနိဆိုသူသည်အကျွန်ုပ်၏ထံသို့လာ ပါ၏။ သူသည်ပညတ်တရားကိုလိုက်လျှောက် ကျင့်သုံး၍ ဘုရားဝတ်၌မွေ့လျော်သူဖြစ်၏။ ဒမာသက်မြို့ရှိယုဒအမျိုးသားအပေါင်း တို့၏ရိုသေလေးစားခြင်းကိုလည်းခံရ၏။-
သူသည်မျက်စိအလင်းပြန်လည်ရရှိနိုင် ရန် အာနနိဆိုသူလာ၍မိမိအပေါ်မှာ လက်တင်သည်ကိုဗျာဒိတ်ရူပါရုံတွင်မြင် ရလေပြီ'' ဟုမိန့်တော်မူ၏။
သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။
ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။-
ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။-
ထာဝရဘုရားသည်ရှမွေလအားခေါ် တော်မူ၏။ ရှမွေလကလည်း``ရှိပါသည် အရှင်'' ဟုထူးပြီးလျှင်၊-