ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
တမန်တော်ဝတ္ထု 7:23 - Common Language Bible ``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။- Garrad Bible အ သက် လေး ဆယ် ရှိ သော် ညီ အစ် ကို ချင်း ဖြစ် သော ဣ သ ရေ လ အ မျိုး သား တို့ ထံ ကြည့် ရှု လို သော အ ကြံ နှင့် သွား ပြီး လျှင်၊ Judson Bible အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှုသွားမည်ဟု အကြံရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် အသက်လေးဆယ်ပြည့်သောအခါ မိမိညီအစ်ကိုများဖြစ်ကြသော အစ္စရေးအမျိုးသားတို့ကို အကြည့်အရှုသွားလိုသောစိတ်ဆန္ဒဖြစ်ပေါ်လာလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်လေးဆယ်ပြည့်သောအခါ မိမိ၏ညီအစ်ကိုမောင်နှမများဖြစ်သော အစ္စရေးလူမျိုးတို့အား သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လေ၏။ |
ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။
ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-
ဧဇရက``ငါတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု ကြလော့။ ကိုယ်တော်သည်မင်းကြီးအား ယေရု ရှလင်မြို့ရှိထာဝရဘုရားဗိမာန်တော်ကို ဤသို့ဂုဏ်ပြုစိတ်ကိုပေးတော်မူပါတကား။-
ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။-
မောရှေမှတစ်ဆင့်ထာဝရဘုရားစေခိုင်း သောအလုပ်အတွက်အမျိုးသားအမျိုး သမီးအပေါင်းတို့သည်စိတ်စေတနာထက် သန်စွာဖြင့်၊ မိမိတို့လှူဖွယ်ဝတ္ထုများကို ထာဝရဘုရားထံဆက်ကပ်ကြ၏။
မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
ဘုရင်ထံသို့ဝင်၍လျှောက်ထားချိန်၌မောရှေ သည် အသက်ရှစ်ဆယ်၊ အာရုန်သည်အသက်ရှစ် ဆယ်သုံးနှစ်ရှိကြသတည်း။
ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။-
ယင်းသို့လည်ပတ်နေချိန်တွင်ဣသရေလ အမျိုးသားတစ်ဦးအား အီဂျစ်အမျိုးသား တစ်ယောက်ကရိုက်နှက်လျက်နေသည်ကိုမြင် လျှင် မိမိအမျိုးသား၏ဘက်မှဝင်ရောက် ကူညီကာ အီဂျစ်အမျိုးသားကိုသတ်၍ လက်စားချေလိုက်လေသည်။-
သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။