``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
တမန်တော်ဝတ္ထု 6:11 - Common Language Bible သို့ဖြစ်၍``ဤသူသည်မောရှေအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်းပြစ်မှားပြော ဆိုသည်ကိုငါတို့ကြားပါသည်'' ဟုလူတို့ အားတံစိုးလက်ဆောင်ပေး၍အပြောခိုင်း ကြ၏။- Garrad Bible ဤ သူ သည် မော ရှေ နှင့် ဘု ရား သ ခင် အား ပုတ် ခတ် ပြော ဆို သည် ကို ကျွန်ုပ် တို့ ကြား ပါ သည် ဟု ပြော စေ ရန်၊ လူ တို့ ကို တိုက် တွန်း ၍၊ Judson Bible ထိုအခါ ဤသူသည် မောရှေကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် လူတို့ကိုသွေးထိုးပေး၍ “ဤသူသည် မောရှေနှင့်ဘုရားသခင်အား စော်ကားသည့်စကားများပြောဆိုနေသည်ကို ငါတို့ကြားရသည်”ဟု ဆိုစေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ “ဤသူသည် မောရှေနှင့်ဘုရားသခင်ကို စော်ကားပြောဆိုကြောင်း ကျွန်ုပ်တို့ ကြားပါပြီ” ဟူ၍ လိမ်လည်ပြောဆိုမည့်သူတချို့ကို ခေါ်ဆောင်ခဲ့ကြ၏။ |
``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
ထိုနောက်ယဇ်ပုရောဟိတ်များနှင့်ပရောဖက် တို့ကခေါင်းဆောင်များနှင့်ပြည်သူတို့အား``ဤ သူသည်ငါတို့၏မြို့ကိုဆန့်ကျင်ပြောဆိုသဖြင့် သေဒဏ်ခံထိုက်ပေသည်။ သူပြောဆိုသည့်စကား ကိုသင်တို့ကိုယ်တိုင်ကြားကြ၏'' ဟုဆို၏။
သို့ရာတွင်ဗင်္ယာမိန်တံခါးသို့ ရောက်ရှိသော အခါဟာနနိ၏မြေး၊ ရှေလမိ၏သား ဣရိယဟုဆိုသူကင်းမှူးက``သင်သည် ဗာဗုလုန်အမျိုးသားတို့၏ဘက်သို့ထွက် ပြေးသူဖြစ်ပါသည်တကား'' ဟုဆို၏။
သူ့အားသေဒဏ်စီရင်ရမည်ဟူ၍ဣသရေလ အမျိုးသားတို့အားပြောရမည်။ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလနိုင်ငံတွင်နေ ထိုင်သောလူမျိုးခြားဖြစ်စေ၊ ထာဝရဘုရား ကိုကျိန်ဆဲလျှင်ဣသရေလတစ်မျိုးသား လုံးက ထိုသူကိုခဲဖြင့်ပစ်သတ်ရမည်။
ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။
ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။-
ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။-
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
သို့ရာတွင်သတေဖန်သည်ဝိညာဉ်တော်ချပေး သည့်အသိပညာနှင့်ပြောဆိုသဖြင့် ထိုသူ တို့သည်သူ့အားချေပနိုင်စွမ်းမရှိကြ။-
ဤနည်းအားဖြင့်သူတို့သည်လူများ၊ ဘာသာ ရေးခေါင်းဆောင်များနှင့်ကျမ်းတတ်ဆရာများ အားနှိုးဆွပေးကြ၏။ သူတို့သည်သူ့ကို ဖမ်းဆီး၍တရားလွှတ်တော်သို့ပို့ကြ၏။-
ထို့နောက်သူတို့သည်မုသားသက်သေများကို ခေါ်ဆောင်ခဲ့ကြ၏။ ထိုသက်သေများက``ဤသူ သည်ဗိမာန်တော်နှင့်ပညတ်တရားတော်တို့ ကိုဆန့်ကျင်၍ အမြဲပြောဆိုလျက်နေပါ၏။-
``အကောင်းကိုဖြစ်ပွားစေရန်အဆိုးကိုငါ တို့ပြုကြကုန်အံ့'' ဟုဆိုရမည်လော။ ဤကဲ့ သို့ပင်ငါပြောဆိုသည်ဟူ၍လူအချို့က ပြစ်တင်စွပ်စွဲကာငါ့အားစော်ကားကြလေ ပြီ။ ထိုသူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်သည်အတိုင်းအမှန်ပင်ခံရကြ လိမ့်မည်။