တမန်တော်ဝတ္ထု 25:7 - Common Language Bible7 ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။- အခန်းကိုကြည့်ပါ။Garrad Bible7 ရောက် သော်၊ ယေ ရု ရှ လင် မြို့ မှ လိုက် လာ သော ယု ဒ လူ မျိုး တို့ သည် ပေါ လု ပတ် လည် တွင် ရပ်၍ အ ထင် အ ရှား မ ပြ နိုင် သော ပြစ် မှု ကြီး များ ကို စွဲ ဆို ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible7 ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသော ယုဒလူတို့သည် ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ပေါလုရောက်လာသောအခါ ဂျေရုဆလင်မြို့မှ ဆင်းလာသောဂျူးတို့သည် သူ့ကိုဝိုင်း၍ ကြီးလေးသောစွဲချက်များဖြင့် စွပ်စွဲကြ၏။ သို့သော် သက်သေကိုမူ မပြနိုင်ကြပေ။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။