ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။-
တမန်တော်ဝတ္ထု 4:14 - Common Language Bible သို့ရာတွင်အနာရောဂါပျောက်ကင်းသွားသူ သည် တမန်တော်တို့နှင့်ရပ်လျက်နေသည်ကို မြင်သဖြင့် သူတို့သည်မည်သို့မျှငြင်းဆို ရန်မတတ်နိုင်ကြ။- Garrad Bible အ နာ ကင်း ပျောက် သူ လည်း တ မန် တော် တို့ နှင့် ရပ် နေ သည် ကို မြင် သ ဖြင့် ငြင်း ဆို ခြင်း မ ပြု နိုင် ကြ ချေ။ Judson Bible အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကို မြင်၍လည်းကောင်း၊ ငြင်းခုံဆိုဖွယ်ရာ မရှိမတွေ့ကြ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် အကောင်းပကတိဖြစ်လာသောသူသည် သူတို့နှင့်အတူရပ်နေသည်ကိုမြင်နေရသဖြင့် မည်သို့မျှငြင်းခုံပြောဆို၍မရနိုင်ကြချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျန်းမာသွားသောသူသည် တမန်တော်တို့၏ဘေးတွင် ရပ်နေသည်ကို မြင်နေရသဖြင့် ဆန့်ကျင်ပြောဆိုရန်စကား မရှိကြ။ |
ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။-
နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။
ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။-
သို့ဖြစ်၍တမန်တော်တို့ကိုတရားလွှတ် တော်ထဲမှခေတ္တထွက်ခွာသွားစေပြီးလျှင် ဤသို့တိုင်ပင်ကြ၏။-
``ဤသူတို့အားအသို့ပြုအံ့နည်း။ သူတို့အား ဖြင့်ထူးခြားသောနိမိတ်လက္ခဏာတစ်ရပ်ဖြစ် ပေါ်ခဲ့သည်ကို ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့ကောင်းစွာသိကြ၏။ ငါတို့ငြင်း ဆို၍လည်းမရနိုင်။-
ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-