သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
တမန်တော်ဝတ္ထု 3:15 - Common Language Bible အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။- Garrad Bible သန့် ရှင်း ဖြောင့် မတ် သော အ ရှင် ကို ငြင်း ဆို၍ အ သက် ပိုင် ရှင် ကို အ သေ သတ် ကြ ရာ ငါ တို့ သက် သေ ခံ သည့် အ တိုင်း ဘု ရား သ ခင် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ၏။ Judson Bible အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား၊ ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အသက်ပေးပိုင်သောအရှင်ကိုမူ သင်တို့ကွပ်မျက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူ၏။ ငါတို့သည် ဤအမှုအရာ၏သက်သေများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် အသက်၏အရှင်သခင်ကို သတ်၍ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်ကို ငါတို့သည် ကိုယ်တိုင်မြင်တွေ့ကြ၏။ |
သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။-
ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။-
ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
သားတော်သည်မိမိလက်သို့အပ်နှင်းထား သူတို့အားထာဝရအသက်ကိုပေးနိုင်ရန် ကိုယ်တော်သည်လူသားအပေါင်းတို့ကို စိုးပိုင်သောတန်ခိုးအာဏာကိုပေးတော် မူပါပြီ။-
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
တမန်တော်တို့သည် သေခြင်းမှသခင်ယေရှု ရှင်ပြန်ထမြောက်သည့်အကြောင်းကိုဟောပြော လျက်နေသဖြင့် ဇဒ္ဒုကဲတို့စိတ်ဆိုးကြ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သေခြင်း မှရှင်ပြန်ထမြောက်မှုသည် သူသေတို့ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟူသောအယူဝါဒ မှန်ကန်ကြောင်းကို သက်သေထူလျက်ရှိသော ကြောင့်ဖြစ်၏။-
ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။-
ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။
ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊-
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။
ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။