ထိုမြို့သားတို့သည်ကိုယ်တော်ကိုမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့လူများစေလွှတ်၍ ဖျား နာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာကြ၏။-
တမန်တော်ဝတ္ထု 3:10 - Common Language Bible ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။ Garrad Bible ဗိ မာန် တော် ရှိ တင့် တယ် တံ ခါး အ နီး တောင်း စား သူ ဖြစ် ကြောင်း မှတ် မိ သ ဖြင့် သူ၌ ဖြစ် သော အ ခြင်း အ ရာ ကို များ စွာ အံ့ သြ မိန်း မော ကြ ၏။ Judson Bible ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကို အံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊ မြန်မာ့စံမီသမ္မာကျမ်း သူသည် ပေးကမ်းစွန့်ကြဲခြင်းကိုခံရန် ဗိမာန်တော်၏တင့်တယ်တံခါးနားတွင် ထိုင်လေ့ရှိသူဖြစ်ကြောင်း မှတ်မိကြသဖြင့် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာအတွက် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ဗိမာန်တော်၏ လှပသောတံခါးအနီး၌ ထိုင်၍ ငွေကြေးတောင်းရမ်းသောသူဖြစ်ကြောင်း သတိပြုမိကြ၏။ သူတို့သည် ထိုသူ၌ ဖြစ်ပျက်ခဲ့သည့်အခြင်းအရာများကို အလွန်အံ့အားသင့်၍ ရင်သပ်ရှုမောလျက်ရှိကြ၏။ |
ထိုမြို့သားတို့သည်ကိုယ်တော်ကိုမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့လူများစေလွှတ်၍ ဖျား နာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာကြ၏။-
လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။-
လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။ လူတို့သည်ကိုယ်တော်ပြုတော်မူသောအမှု အရာများကြောင့်အံ့သြနေကြစဉ်၊ ကိုယ်တော် က၊-
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် မိမိပြုသမျှသောအမှုအရာများ ကိုသားတော်အားပြသတော်မူ၏။ ဤအမှု အရာများထက်ပင်ကြီးစွာသောအမှုအရာ များကိုပြုရန် ခမည်းတော်သည်သားတော်အား ပြသပေးမည်ဖြစ်၍သင်တို့သည်အံ့သြ ကြလိမ့်မည်။-
သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။-
သူသည်သူတောင်းစားဖြစ်သဖြင့်ယခင်က သူ့ကိုမြင်ဖူးသူများနှင့်အိမ်နီးချင်းများ က ``ဤသူသည်ထိုင်၍ကြေးငွေတောင်းခံလေ့ ရှိသူမဟုတ်ပါလော'' ဟုဆိုကြ၏။
သူတို့သည်လွန်စွာအံ့သြတွေဝေလျက် ``ဤ အမှုအရာကားအဘယ်သို့သောအမှုအရာ ဖြစ်သနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။
အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။-
တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-