သူသည်ဘုရင်ခံသေရဂိပေါလု၏မိတ်ဆွေ ဖြစ်၏။ ထိုဘုရင်ခံကားသတိပညာရှိသူ တစ်ယောက်ဖြစ်ပေသည်။ သူသည်ဘုရားသခင် ၏နှုတ်ကပတ်တရားတော်ကိုကြားနာလို၍ ဗာနဗနှင့်ရှောလုကိုပင့်ဖိတ်လေ၏။-
တမန်တော်ဝတ္ထု 28:7 - Common Language Bible ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။- Garrad Bible ထို အ ရပ် အ နီး လယ် ယာ ပိုင် သော ပု ဗ လိ ဆို သူ ကျွန်း စား သည် ငါ တို့ ကို လက် ခံ ပြီး လျှင်၊ သုံး ရက် ဧည့် ဝတ် ပြု၏။ Judson Bible ထိုအရပ်နှင့် မနီးမဝေး ပုဗလိအမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာအနီးတွင် ပုဗလိဟုအမည်ရှိသောကျွန်းသူကြီး၏မြေကွက်များရှိ၏။ သူသည် ငါတို့ကိုလက်ခံ၍ သုံးရက်တိုင်တိုင် ကောင်းစွာဧည့်ခံလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ အနီးတစ်ဝိုက်တွင် ကျွန်းသူကြီး ပုဗလိပိုင်သည့် မြေကွက်များရှိ၏။ ထိုသူသည် ကျွန်ုပ်တို့ကို ကြိုဆိုလက်ခံ၍ သုံးရက်တိုင် ကောင်းမွန်စွာဧည့်ခံ၏။ |
သူသည်ဘုရင်ခံသေရဂိပေါလု၏မိတ်ဆွေ ဖြစ်၏။ ထိုဘုရင်ခံကားသတိပညာရှိသူ တစ်ယောက်ဖြစ်ပေသည်။ သူသည်ဘုရားသခင် ၏နှုတ်ကပတ်တရားတော်ကိုကြားနာလို၍ ဗာနဗနှင့်ရှောလုကိုပင့်ဖိတ်လေ၏။-
ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။
ထိုသူတို့ကပေါလုသည်တစ်ကိုယ်လုံးရောင် လာလိမ့်မည်။ သို့မဟုတ်တခဏချင်းတွင်လဲ သေလိမ့်မည်ဟုစောင့်မျှော်နေကြ၏။ ဤအတိုင်း ပင်ဆက်လက်၍အတော်ကြာအောင်စောင့်မျှော် နေကြသော်လည်း အဘယ်သို့မျှပေါလု၌ ဘေးဥပဒ်မဖြစ်သည်ကိုမြင်ကြသောအခါ သူတို့သည်စိတ်သဘောပြောင်းလဲလာလျက် ``ဤသူကားနတ်ဘုရားပေတည်း'' ဟုဆို ကြကုန်၏။
ပုဗလိ၏ဖခင်သည်အဖျားရောဂါ၊ ဝမ်းကိုက် ရောဂါများဖြင့်လဲ၍နေ၏။ ပေါလုသည်သူ၏ အခန်းထဲသို့ဝင်၍ဆုတောင်းပြီးနောက် သူ၏ အပေါ်မှာလက်ကိုတင်၍သူ့ကိုကျန်းမာ လာစေ၏။-
ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-