သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
တမန်တော်ဝတ္ထု 28:5 - Common Language Bible သို့ရာတွင်ပေါလုသည်မြွေကိုမီးထဲသို့ခါ ၍ချလိုက်၏။ သို့သော်အဘယ်သို့မျှဘေး ဥပဒ်မဖြစ်။- Garrad Bible သို့ ရာ တွင် ဘေး မ ဖြစ် ဘဲ ထို အ ကောင် ကို မီး ထဲ သို့ ပေါ လု ခါ ချ လိုက် သော်၊ Judson Bible ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေါလုသည် ထိုသတ္တဝါကို မီးထဲသို့ခါချလျက် မည်သည့်ဘေးဥပဒ်မျှ မခံစားရချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ပေါလုသည် မြွေကို မီးဖိုထဲသို့ခါချလိုက်ပြီး ဘေးမသင့်ဘဲ ရှိနေလေ၏။ |
သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။
မြွေဆိုးများကိုကိုင်ဖမ်းသော်လည်းကောင်း၊ သေစေ တတ်သောအဆိပ်ကိုသောက်သော်လည်းကောင်းသူ တို့၌ဘေးဥပါဒ်မြဖစ်။ မကျန်းမာသူများ အပေါ်တွင်လက်ကိုတင်၍ကျန်းမာစေကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။-
ထိုသူတို့ကပေါလုသည်တစ်ကိုယ်လုံးရောင် လာလိမ့်မည်။ သို့မဟုတ်တခဏချင်းတွင်လဲ သေလိမ့်မည်ဟုစောင့်မျှော်နေကြ၏။ ဤအတိုင်း ပင်ဆက်လက်၍အတော်ကြာအောင်စောင့်မျှော် နေကြသော်လည်း အဘယ်သို့မျှပေါလု၌ ဘေးဥပဒ်မဖြစ်သည်ကိုမြင်ကြသောအခါ သူတို့သည်စိတ်သဘောပြောင်းလဲလာလျက် ``ဤသူကားနတ်ဘုရားပေတည်း'' ဟုဆို ကြကုန်၏။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။