ထိုသူတို့သည်အသိဉာဏ်ရှိသူမားမဟုတ်ပါ။ ကွန်တော်မျိုးမူကားကိုယ်တော်ရှင်၏တရားတော်ကို နှစ်သက်ပါ၏။
တမန်တော်ဝတ္ထု 28:27 - Common Language Bible အဘယ်ကြောင့်ဆိုသော်ဤလူမျိုး၏ စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်သူတို့၏ မျက်စိများသည်ပိတ်လျက်ရှိသောကြောင့်ဖြစ်၏။ အကယ်၍သာဤသို့မဖြစ်ဘဲသူတို့၏ မျက်စိများသည်မြင်နိုင်လျက်၊ နားများသည်ကြားနိုင်လျက်စိတ်နှလုံးများသည် သိနားလည်ကြပါမူ၊ သူတို့သည်စိတ်သဘောပြောင်းလဲလာကြမည် ဖြစ်၍ ငါသည်လည်းသူတို့အားကျန်းမာစေတော် မူမည်' '' ဟုဆိုလေသည်။ Judson Bible အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟု ငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည်ထုံထိုင်းလျက်၊ နားသည်လည်းလေးလျက်၊ မျက်စိသည်လည်းပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်ထိုင်းလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိသောကြောင့်ဖြစ်၏။ ထို့ကြောင့် သူတို့၏မျက်စိသည် မမြင်နိုင်ကြ။ နားသည် မကြားနိုင်ကြ။ နားမလည်နိုင်သောကြောင့် စိတ်နှလုံးသည်လည်း ငါ့ထံသို့မပြောင်းလဲနိုင်ကြ။ ငါ့ကုသမှုကိုလည်း မခံယူနိုင်ကြ’ ဟူ၍ ဖြစ်၏။ |
ထိုသူတို့သည်အသိဉာဏ်ရှိသူမားမဟုတ်ပါ။ ကွန်တော်မျိုးမူကားကိုယ်တော်ရှင်၏တရားတော်ကို နှစ်သက်ပါ၏။
ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
ထို့ကြောင့်၊ `ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။
ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-