သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
တမန်တော်ဝတ္ထု 27:18 - Common Language Bible နောက်တစ်နေ့၌လည်းလေပြင်းမုန်တိုင်းဆက် လက်တိုက်ခတ်နေသဖြင့် သူတို့သည်ကုန်ပစ္စည်း အချို့ကိုသင်္ဘောပေါ်မှပစ်ချကြ၏။- Garrad Bible နောက် နေ့၌ လှိုင်း တံ ပိုး ပြင်း ထန် စွာ ခတ် သည် နှင့်၊ Judson Bible လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် လေမုန်တိုင်းဒဏ်ကို ပြင်းစွာခံရသဖြင့် နောက်တစ်နေ့တွင် လူတို့သည် ကုန်ပစ္စည်းများကို သင်္ဘောပေါ်မှ ပစ်ချကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် မုန်တိုင်းဒဏ်ပြင်းထန်စွာခံရသဖြင့် နောက်တစ်နေ့တွင် သူတို့က ကုန်များကို သင်္ဘောပေါ်မှပစ်ချကြ၏။ |
သူတို့သည်အရက်မူးသူများကဲ့သို့ယိမ်းယိုင် လဲကျကြကုန်၏။ သူတို့၏ကျွမ်းကျင်မှုသည်အချည်းနှီးပင်ဖြစ်၏။
သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။
တတိယနေ့၌သင်္ဘောနှင့်စပ်ဆိုင်သောကုန် ပစ္စည်းတန်ဆာအချို့ကိုပစ်ချကြ၏။-
လူတိုင်းဝအောင်စားကြပြီးသောအခါ သင်္ဘောကိုပေါ့စေရန် ဂျုံဆန်ရှိသမျှကို ပင်လယ်ထဲသို့ပစ်ချကြ၏။
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-