``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
တမန်တော်ဝတ္ထု 23:6 - Common Language Bible သူသည်တရားလွှတ်တော်အဖွဲ့ထဲတွင်လူ တစ်စုက ဖာရိရှဲများဖြစ်၍အခြားတစ်စု ကဇဒ္ဒုကဲများဖြစ်ကြောင်းကိုသိမြင်သော အခါ ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ဖာရိရှဲ ဖြစ်ပါ၏။ ဖာရိရှဲ၏သားလည်းဖြစ်ပါ၏။ သေသူတို့သည်ရှင်ပြန်ထမြောက်မည်ကို မျှော်လင့်သူဖြစ်သဖြင့် ယခုအကျွန်ုပ်သည် အစစ်အဆေးခံနေရခြင်းဖြစ်ပါ၏'' ဟု တရားလွှတ်တော်တွင်ကြွေးကြော်လေ ၏။ Garrad Bible လွှတ် တော် အ ရာ ရှိ အ ချို့ မှာ ဇ ဒ္ဒု ကဲ ဂိုဏ်း သား၊ အ ချို့ မှာ ဖာ ရိ ရှဲ အ ဆက် ဂိုဏ်း သား ဖြစ် ကြောင်း ကို သိ မြင် သော်၊ အ ချင်း ညီ အစ် ကို တို့၊ ကျွန်ုပ် သည် ဖာ ရိ ရှဲ အ ဆက် အ နွယ်၊ ဖာ ရိ ရှဲ ဖြစ်၏။ ကျွန်ုပ် တို့ စောင့် မြော် ရာ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း နှင့် စပ်၍ ကျွန်ုပ် စီ ရင် ခံ ရ သည် ဟု ဟစ် သော်၊ Judson Bible ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ထဲတွင် တစ်ဖွဲ့မှာ ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားတစ်ဖွဲ့မှာ ဖာရိရှဲများဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါသည်။ အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းကြောင့် စစ်ဆေးစီရင်ခံနေရပါသည်”ဟု တရားလွှတ်တော်ရှေ့တွင် အော်ဟစ်ပြောဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။ |
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ထိုနေ့၌ပင်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့လာကြ၏။ သူတို့ကသေခြင်းမှရှင်ပြန် ထမြောက်ခြင်းဟူသည်မရှိဟုခံယူယုံ ကြည်ကြသူများဖြစ်၏။-
ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။
အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။
ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
သို့ဖြစ်၍အရှင်တို့နှင့်တရားလွှတ်တော်အဖွဲ့ ဝင်တို့သည် ပေါလု၏အမှုကိုပိုမိုသေချာ စွာစုံစမ်းစစ်ဆေးလိုဟန်ပြုလျက် ရောမတပ် မှူးအားသူ့ကိုအရှင်တို့ထံသို့ခေါ်ခဲ့ရန် မေတ္တာရပ်ခံကြပါ။ အရှင်တို့ထံသို့မရောက် မီပင် သူ့ကိုသတ်ရန်အကျွန်ုပ်တို့အသင့် စောင့်နေပါမည်'' ဟုလျှောက်ကြ၏။
လူငယ်က ``ယုဒအာဏာပိုင်တို့သည်ပေါလု ၏အမှုကိုပိုမိုသေချာစုံစမ်းစစ်ဆေးလိုဟန် ဖြင့် အရှင့်အားပေါလုကိုနက်ဖြန်နေ့၌တရား လွှတ်တော်သို့ခေါ်ဆောင်ခဲ့ရန် မေတ္တာရပ်ခံကြ မည်ဟုတိုင်ပင်ညှိနှိုင်းထားကြပါ၏။-
ထိုအခါဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့သည် အငြင်းပွားကြသဖြင့် တရားလွှတ်တော် အဖွဲ့သည်နှစ်ခြမ်းကွဲလေ၏။-
အကျွန်ုပ်သည်ဘုရားသခင်ကိုအားကိုး မျှော်လင့်သူဖြစ်၍ လူဆိုးလူကောင်းမရွေး လူခပ်သိမ်းတို့သည် သေခြင်းမှရှင်ပြန် ထမြောက်ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။-
ထိုသို့မဟုတ်လျှင်လည်းအကျွန်ုပ်သည် တရားလွှတ်တော်အဖွဲ့ရှေ့တွင် ချေပလျှောက် လဲနေစဉ်အခါက `အကျွန်ုပ်သည်သူသေ တို့ရှင်ပြန်ထမြောက်ကြလိမ့်မည်ကိုမျှော် လင့်သူဖြစ်သဖြင့် ယနေ့သင်တို့ရှေ့တွင် အစစ်အဆေးခံနေရပါ၏' ဟူ၍ကြွေး ကြော်ခဲ့သည့်စကားရပ်မှတစ်ပါးအခြား အဘယ်ပြစ်မှုရှိကြောင်းဤသူတို့ဖော်ပြ ကြပါစေ'' ဟုလျှောက်လေ၏။
သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။
ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။-
သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။-
ထိုမျှော်လင့်ချက်သည်ငါတို့ဘဝအတွက် ချထားသည့်လုံခြုံခိုင်ခန့်သောကျောက်ဆူး အဖြစ် ကောင်းကင်ဗိမာန်တော်ကန့်လန့်ကာ ကိုထိုးဖောက်ကာအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေသည်။-