ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
တမန်တော်ဝတ္ထု 23:3 - Common Language Bible ပေါလုက ``ထုံးဖြူသုတ်သည့်အုတ်ရိုး၊ သင့်ကို ဘုရားသခင်မုချဒဏ်ခတ်တော်မူမည်။ သင် သည်အကျွန်ုပ်အားတရားဥပဒေအရ စစ်ဆေးစီရင်ရန် တရားခွင်တွင်ထိုင်လျက် နေစဉ်၌ပင် အကျွန်ုပ်ကိုအရိုက်ခိုင်းခြင်း ဖြင့်တရားဥပဒေကိုချိုးဖောက်ပါသည် တကား'' ဟုဆို၏။ Garrad Bible ပေါ လု က အ ချင်း ထုံး ဖြူ သုတ် တံ တိုင်း၊ သင့် ကို ဘု ရား သ ခင် ရိုက် တော် မူ လိမ့် မည်။ တ ရား အ တိုင်း ကျွန်ုပ် ကို စီ ရင် ဆုံး ဖြတ် ရန် ထိုင် နေ လျက် တ ရား နှင့် ဆန့် ကျင်၍ ရိုက် စေ ရန် အ မိန့် ရှိ ရာ သ လော ဟု ဆို၏။ Judson Bible ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှာ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပေါလုက ယဇ်ပုရောဟိတ်မင်းအား “အို အကျင့်ပျက်ခြစား၍ သူတော်ကောင်းယောင်ဆောင်သူ… ဘုရားသခင်သည် သင့်ကိုရိုက်တော်မူလိမ့်မည်။ သင်သည် ပညတ်ကျမ်းအတိုင်း ကျွန်ုပ်ကို တရားစီရင်ရန် ထိုင်လျက်နေစဉ် ထိုပညတ်တရားကို ကိုယ်တိုင်ချိုးဖောက်၍ ကျွန်ုပ်ကို ရိုက်ရန် အမိန့်ပေးသလော” ဟု ဆိုလေ၏။ |
ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။
``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
``မမှန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံး၍ သူတစ်ပါးအားမလှည့်စား ရ။-
လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
ထို့နောက်အန္နတ်မင်းသည်ကိုယ်တော်ကိုချည်နှောင် လျက်ယဇ်ပုရောဟိတ်မင်းကယာဖ၏ထံသို့ ပို့စေ၏။
နိကောဒင်က ``ငါတို့တရားအရအဘယ် အမှုကိုကူးလွန်ကြောင်းစစ်ဆေးခြင်းကိုမပြု၊ တရားခံအားချေပပြောဆိုခွင့်ကိုလည်းမပေး ဘဲတစ်စုံတစ်ယောက်ကိုအပြစ်စီရင်နိုင်ပါ သလော'' ဟုဆို၏။
အနီးတွင်ရပ်နေသူတို့က ``သင်သည်ဘုရား သခင်၏ယဇ်ပုရောဟိတ်မင်းကိုစော်ကားပါ သလော'' ဟုမေးကြလျှင်၊-