ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
တမန်တော်ဝတ္ထု 21:7 - Common Language Bible တုရုမြို့မှဆက်၍ခရီးပြုကြရာ ကျွန်ုပ်တို့ သည်ပတောလင်မြို့သို့ရောက်ကြ၏။ ထိုမြို့ တွင်ညီအစ်ကိုများကိုနှုတ်ဆက်ပြီးနောက် သူတို့ထံတွင်တစ်ရက်မျှတည်းခိုကြ၏။- Garrad Bible တု ရု မြို့ မှ လွှင့် ပြန်၍ ပ တော လ မဲ မြို့ သို့ ရောက် ရာ ညီ အစ် ကို တို့ ကို နှုတ် ဆက် လျက် သူ တို့ နှင့် တစ် ရက် နေ ကြ ပြီး သော်၊ Judson Bible တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တစ်ရက်နေပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ပတောလင်မြို့သို့ရောက်၍ တိုင်ရာမြို့မှ ငါတို့ထွက်လာသည့် ပင်လယ်ခရီးပြီးဆုံးလေ၏။ ငါတို့သည် ထိုမြို့၌ရှိသောညီအစ်ကိုများကိုနှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တိုင်ရာမြို့မှ ပတောလင်မြို့သို့ရောက်ကြလျှင် ပင်လယ်ခရီးစဉ်ပြီးဆုံးလေ၏။ ထိုမြို့တွင်ရှိသော ယုံကြည်သူများကို နှုတ်ခွန်းဆက်ကြ၍ သူတို့ထံ၌ တစ်ရက်တည်းခိုကြ၏။ |
ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။
သူသည်ကဲသရိမြို့သို့ရောက်လျှင်သင်္ဘောမှ ဆင်းပြီးနောက် ယေရုရှလင်မြို့သို့သွား၍ အသင်းတော်ကိုနှုတ်ဆက်၏။ ထိုနောက်အန္တိ အုတ်မြို့သို့သွား၏။-
ထိုအိမ်တွင်ကျွန်ုပ်တို့တည်းခို၍ရက်အတော် အတန်ကြာသောအခါ အာဂဗုနာမည်ရှိ သောပရောဖက်သည်ယုဒပြည်မှရောက်ရှိ လာ၏။-
ယေရုရှလင်မြို့သို့ကျွန်ုပ်တို့ရောက်ကြသော အခါ ညီအစ်ကိုများကလှိုက်လှဲစွာကြိုဆို ကြ၏။-
ပေါလုသည်ထိုသူတို့အားနှုတ်ဆက်ပြီးနောက် မိမိမှတစ်ဆင့် လူမျိုးခြားတို့အားဘုရား သခင်ပြုတော်မူသောအမှုအရာအလုံးစုံ တို့ကိုတင်ပြ၏။-
ကျွန်ုပ်တို့သည်ကုပရုကျွန်းကိုမြင်ရသောအခါ ထိုကျွန်း၏တောင်ဘက်မှဖြတ်၍ရှုရိပြည်သို့ သင်္ဘောလွှင့်ကြလေသည်။ တုရုမြို့တွင်ကုန်ပစ္စည်း များကိုချရမည်ဖြစ်၍ ထိုမြို့တွင်သင်္ဘောကို ဆိုက်ကပ်ကြ၏။-
ကာလအနည်းငယ်ကြာသောအခါ အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ် တို့သည် ကဲသရိမြို့သို့ရောက်နေသော ဘုရင်ခံဖေတ္တုအားနှုတ်ဆက်ရန် ကဲသရိ မြို့သို့လာကြ၏။-
ကျွန်ုပ်တို့သည်သုရကုတ်မြို့တွင်သင်္ဘောဆိုက် ကပ်၍ ထိုမြို့တွင်သုံးရက်မျှနေ၏။-
သင်တို့၏ခေါင်းဆောင်အပေါင်းနှင့်ဘုရား သခင်၏လူစုတော်ဝင်ရှိသမျှတို့အား နှုတ်ဆက်လိုက်ကြောင်းပြောပြပါလော့။ အီတလီပြည်မှညီအစ်ကိုတို့ကလည်း သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
သူတို့သည်သင့်အားနှုတ်ခွန်းဆက်ပြီးလျှင် မုန့်နှစ်လုံးကိုပေးလိမ့်မည်။ ထိုမုန့်တို့ကို သင်သည်လက်ခံရမည်။-
ယင်းသို့ယဇ်ပူဇော်၍ပြီးခါနီး၌ရှမွေလ ရောက်ရှိလာ၏။ ရှောလုသည်သူ့ကိုသွားရောက် ကြိုဆိုသော်လည်း၊-