Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 21:7 - Garrad Bible

7 တု ရု မြို့ မှ လွှင့် ပြန်၍ ပ တော လ မဲ မြို့ သို့ ရောက် ရာ ညီ အစ် ကို တို့ ကို နှုတ် ဆက် လျက် သူ တို့ နှင့် တစ် ရက် နေ ကြ ပြီး သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 တု​ရု​မြို့​မှ​ဆက်​၍​ခ​ရီး​ပြု​ကြ​ရာ ကျွန်ုပ်​တို့ သည်​ပ​တော​လင်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့ တွင်​ညီ​အစ်​ကို​များ​ကို​နှုတ်​ဆက်​ပြီး​နောက် သူ​တို့​ထံ​တွင်​တစ်​ရက်​မျှ​တည်း​ခို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 တု​ရု​မြို့​မှ ပ​တော​လင်​မြို့​သို့​ရောက်​လျှင်၊ ပင်​လယ်​ကူး​ခြင်း​နှင့် လွတ်​ကြ၏။ ပ​တော​လင်​မြို့၌ ညီ​အစ်​ကို​တို့​နှင့် နှုတ်​ဆက်၍ တစ်​ရက်​နေ​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို့နောက် ပတောလင်​မြို့​သို့​ရောက်​၍ တိုင်ရာ​မြို့​မှ ငါ​တို့​ထွက်လာ​သည့် ပင်လယ်​ခရီး​ပြီးဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီအစ်ကို​များ​ကို​နှုတ်ဆက်​၍ သူ​တို့​နှင့်အတူ တစ်​ရက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 တိုင်ရာမြို့​မှ ပတောလင်မြို့​သို့​ရောက်ကြလျှင် ပင်လယ်​ခရီးစဉ်​ပြီးဆုံးလေ၏။ ထို​မြို့​တွင်​ရှိသော ယုံကြည်သူများ​ကို နှုတ်ခွန်းဆက်ကြ​၍ သူတို့​ထံ၌ တစ်ရက်​တည်းခိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 21:7
13 ပူးပေါင်းရင်းမြစ်များ  

ညီ အစ် ကို ချင်း တို့ ကို သာ နှုတ် ဆက် လျှင် သူ တစ် ထူး တို့ ထက် မည် သို့ သာ သ နည်း။ သာ သ နာ ပ တို့ ပင် ထို သို့ နှုတ် ဆက် တတ် ကြ သည် မ ဟုတ် လော။


ထို နေ့ ရက် ကာ လ ပေ တ ရု သည် တစ် ရာ့ နှစ် ဆယ် ခန့် ရှိ သော ညီ အစ် ကို တို့ စု ဝေး ရာ အ လယ် တွင် ရပ် လျက်၊


ထို အ ခါ မင်း မျက် ခံ ရ သော တု ရု နှင့် ဇိ ဒုန် မြို့ သား တို့ သည် တစ် ညီ တစ် ညွတ် တည်း တိုး ဝင်၍ အ ဆောင် တော် မြဲ ဗိုလ် ဗ လ တ္တု ကို ဖျောင်း ဖျ ပြီး လျှင် သူ တို့ မြို့ များ သည် ဘု ရင်၏ ပြည် ကို မှီ ခို စား သောက် ရ သော ကြောင့် အ မျက် တော် ပြေ ငြိမ်း ရန် တောင်း ပန် ကြ ရာ၊


ကဲ သ ရိ မြို့ တွင် ဆိုက် သော် မြို့ တော် သို့ တက် သွား၍ အ သင်း တော် ကို နှုတ် ဆက် ပြီး လျှင် အ န္တိ အုတ် မြို့ သို့ ဆင်း သွား၏။


ထို အိမ် တွင် ကာ လ အ တန် ကြာ ငါ တို့ နေ ကြ စဉ် အာ ဂ ဗု ဆို သူ ပ ရော ဖက် တစ် ပါး သည် ယု ဒ နယ် မှ ရောက် လာ၍ ငါ တို့ ထံ ဝင် ရာ၊


ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ သော် ညီ အစ် ကို တို့ ဝမ်း မြောက် စွာ လက် ခံ ကြ၏။


ကိုယ် တိုင် အ မှု တော် ဆောင် ရွက် ခြင်း ဖြင့် လူ မျိုး ခြား တို့ ဘောင် တွင် ဘု ရား သ ခင် ပြု တော် မူ ရာ များ ကို အ စဉ် လိုက် ပြန် ကြား သည့် အ တိုင်း၊


ကု ပ ရု ကျွန်း ကို မြင် ရ သော် လ ကျ်ာ ဘက် က တိုက် သွား ပြီး လျှင် ရှု ရိ ပြည် သို့ လွှင့် လျက် ကုန် ချ ရ မည့် တု ရု မြို့ တွင် ဆိုက် ကြ ရာ၊


ထို နောက် နေ့ ရက် အ တန် ကြာ သော် အ ဂ ရိ ပ္ပ ဘု ရင် မင်း နှင့် နှ မ တော် ဗေ ရ နိတ် တို့ သည် ကဲ သ ရိ မြို့ သို့ ရောက် လာ၍ ဖေ တ္ထု မင်း ကို နှုတ် ဆက် ပြီး လျှင်


သု ရ ကုတ် မြို့ တွင် သုံး ရက် ဆိုက် နေ ပြီး မှ လွှင့် ပြန် ရာ၊


သင် တို့ အ ကြီး အ မှူး ရှိ သ မျှ ကို လည်း ကောင်း၊ တ ပည့် တော် ချင်း ပေါင်း တို့ ကို လည်း ကောင်း နှုတ် ဆက် ကြ လော့။ ဣ တ လိ အ သင်း တော် က သင် တို့ ကို နှုတ် ဆက် လိုက် ကြ ၏။


သင် လက် ခံ အပ် သော မုန့် နှစ် လုံး ကို ဆက် ကြ လိမ့် မည်။


ထို သို့ မီး ရှို့ ရာ သ က္ကာ ကို ပူ ဇော် ပြီး လျှင် ပြီး ချင်၊ ရှ မွေ လ ရောက် လာ၍ ရှော လု မင်း ခ ရီး ဦး ကြို ရာ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ