ဟေရုဒ်မင်း၏လက်ထက်၊ ယုဒပြည်ဗက်လင်မြို့ တွင် မယ်တော်မာရိသည်သူငယ်တော်ယေရှုကို ဖွားမြင်လေသည်။ ထိုအခါအရှေ့တိုင်းနိုင်ငံ မှပညာရှိတို့သည် ယေရုရှလင်မြို့သို့ရောက် လာပြီးလျှင်၊-
တမန်တော်ဝတ္ထု 21:10 - Common Language Bible ထိုအိမ်တွင်ကျွန်ုပ်တို့တည်းခို၍ရက်အတော် အတန်ကြာသောအခါ အာဂဗုနာမည်ရှိ သောပရောဖက်သည်ယုဒပြည်မှရောက်ရှိ လာ၏။- Garrad Bible ထို အိမ် တွင် ကာ လ အ တန် ကြာ ငါ တို့ နေ ကြ စဉ် အာ ဂ ဗု ဆို သူ ပ ရော ဖက် တစ် ပါး သည် ယု ဒ နယ် မှ ရောက် လာ၍ ငါ တို့ ထံ ဝင် ရာ၊ Judson Bible ထိုအိမ်၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည်ရှိသော ပရောဖက်တစ်ယောက်သည် ယုဒပြည်မှလာ၍၊- မြန်မာ့စံမီသမ္မာကျမ်း ရက်အတန်ကြာနေပြီးသောအခါ အာဂဗုအမည်ရှိသော ပရောဖက်တစ်ဦးသည် ယုဒပြည်မှဆင်းလာ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအိမ်တွင် ရက်အနည်းငယ် တည်းခိုနေထိုင်ကြစဉ် အာဂဗုအမည်ရှိသော ပရောဖက်တစ်ဦးသည် ယုဒပြည်မှဆင်းလာပြီးလျှင် |
ဟေရုဒ်မင်း၏လက်ထက်၊ ယုဒပြည်ဗက်လင်မြို့ တွင် မယ်တော်မာရိသည်သူငယ်တော်ယေရှုကို ဖွားမြင်လေသည်။ ထိုအခါအရှေ့တိုင်းနိုင်ငံ မှပညာရှိတို့သည် ယေရုရှလင်မြို့သို့ရောက် လာပြီးလျှင်၊-
ထိုသူတို့အနက်အာဂဗုနာမည်ရှိသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက်အရ ထ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင်အစားအစာငတ် မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်ဟု ဟောပြောလေ၏။ (ဧကရာဇ်ဘုရင်ကလောဒိ လက်ထက်၌ အကယ်ပင်ဤသို့ငတ်မွတ်ခေါင်း ပါးခဲ့သတည်း။)-
ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။-
တုရုမြို့မှဆက်၍ခရီးပြုကြရာ ကျွန်ုပ်တို့ သည်ပတောလင်မြို့သို့ရောက်ကြ၏။ ထိုမြို့ တွင်ညီအစ်ကိုများကိုနှုတ်ဆက်ပြီးနောက် သူတို့ထံတွင်တစ်ရက်မျှတည်းခိုကြ၏။-