ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
တမန်တော်ဝတ္ထု 20:35 - Common Language Bible ငါ၏နည်းတူသင်တို့သည်လည်းခပ်သိမ်းသော အခြေအနေတွင် အလုပ်ကိုကြိုးစား၍လုပ် ပြီးလျှင် နွမ်းပါးသူတို့ကိုကူညီမစကြရန် ငါပြသခဲ့ပြီ။ သခင်ယေရှုက `စွန့်ကြဲခြင်း သည်အစွန့်ကြဲခံခြင်းထက်ပို၍မင်္ဂလာရှိ၏' ဟုမိန့်တော်မူခဲ့သည်ကိုသတိရကြလော့'' ဟုဆို၏။ Garrad Bible ခံ ယူ ခြင်း ထက် ပေး ကမ်း ခြင်း၌ မင်္ဂ လာ ရှိ သည် ဟု အ ရှင် ယေ ရှု ကိုယ် တော် တိုင် မိန့် တော် မူ ချက် ကို အောက် မေ့ ကြ သည့် ပြင် အား နည်း သူ တို့ ကို ထို သို့ ကြိုး စား လုပ် ကိုင် ခြင်း ဖြင့် ထောက် ပံ့ သင့် ကြောင်း အ ရာ ရာ တွင် ငါ သည် သင် တို့ အား ပုံ စံ ပြ ခဲ့ သည် ဟု ပြော ဆို ပြီး နောက်၊ Judson Bible ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာအားလုံးတို့တွင် အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ဆင်းရဲသားများအား မစထောက်ပံ့ရမည်ကို ကျွန်ုပ်ပြသခဲ့၏။ ထို့ကြောင့် သခင်ယေရှုကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်းသည် ရယူခြင်းထက် ပို၍မင်္ဂလာရှိ၏’ ဟူသော စကားတော်ကို သတိရကြလော့” ဟု ဆိုလေ၏။ |
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
သို့ရာတွင်ရိုးဖြောင့်သူမူကားရိုးဖြောင့်စွာ ပြုကျင့်တတ်လျက် အမှန်တရားဘက်မှစွဲ မြဲစွာရပ်တည်နေတတ်၏။
နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
မကျန်းမာသူတို့ကိုကျန်းမာစေကြလော့။ သေသူ တို့အားပြန်၍ရှင်စေကြလော့။ အရေပြားရောဂါ သည်တို့ကိုသန့်စင်စေကြလော့။ နတ်မိစ္ဆာတို့ကိုနှင် ထုတ်ကြလော့။ သင်တို့သည်ကျေးဇူးတော်ကိုအခ မဲ့ခံစားရကြပြီဖြစ်၍ သူတစ်ပါးတို့အားအခ မယူဘဲပေးကမ်းကြလော့။-
လူပရိသတ်ရှေ့တွင်လည်းကောင်း၊ သင်တို့ အိမ်များတွင်လည်းကောင်း ငါဟောပြောသွန် သင်သောအခါသင်တို့အားအကျိုးရှိစေ မည့်စကားများကိုအဘယ်အခါ၌မျှ ချန်လှပ်၍မထားခဲ့။-
အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
ငါသည်ဤလက်များဖြင့်အလုပ်လုပ်၍ ငါ နှင့်အပေါင်းဖော်များ၏လိုအပ်သည်များ ကိုဖြည့်တင်းခဲ့ကြောင်းသင်တို့ကိုယ်တိုင် သိကြ၏။-
ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
သင်တို့ထံမှအခြားသူတို့သည်ဤသို့ရ ပိုင်ခွင့်ရှိလျှင် ငါတို့သည်ပို၍ပင်ရပိုင်ခွင့် ရှိသည်မဟုတ်လော။ သို့သော်ငါတို့သည်ထိုအခွင့်အရေးကို မယူခဲ့ကြ။ ခရစ်တော်အကြောင်းသတင်း ကောင်းပျံ့နှံ့ရေးအတွက် အဆီးအတား မဖြစ်စေရန်တွေ့ကြုံရသောအခက်အခဲ ရှိသမျှကိုရင်ဆိုင်သည်းခံခဲ့ကြ၏။-
သို့ရာတွင်ငါတို့ကဲ့သို့လုပ်ဆောင်သည်ဟူ၍ ကြွားဝါပြောဆိုခွင့်ကိုထိုတမန်တော်တို့မရ နိုင်ကြစေရန် ငါသည်ယခုအတိုင်းဆက်လက် လုပ်ဆောင်သွားမည်။-
ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။-
သင်တို့အားငွေရေးကြေးရေးတာဝန်ကို မပေးခဲ့သည်မှအပ ငါသည်သင်တို့အား အခြားအသင်းတော်များနှင့်တန်းတူထား ၍ဆက်ဆံခဲ့၏။ ဤသို့မမျှမတပြုမိ သည့်အတွက်ငါ့အားခွင့်လွှတ်ကြရန် တောင်းပန်ပါ၏။
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-
ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။
သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။
သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။-