``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။-
တမန်တော်ဝတ္ထု 2:3 - Common Language Bible သူတို့သည်မီးလျှာများနှင့်တူသည့်အရာ များကိုလည်းမြင်ရကြ၏။ ယင်းမီးလျှာတို့ သည်အဖြာဖြာကွဲကာ ထိုသူတို့အသီး သီးအပေါ်တွင်တည်နေ၏။- Garrad Bible ထိုင် နေ ကြ ရာ တစ် အိမ် လုံး ပြည့် လျက် မီး လျှံ သ ဖွယ် လျှာ များ လည်း ထင် ရှား ၍ အ သီး အ သီး အ ပေါ် တွင် အ ဖြာ ဖြာ တည် နေ သည့် ပြင် ရှိ သ မျှ တို့ သည်၊ Judson Bible ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့အပေါ်၌ တည်နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဖြာထွက်သည့်မီးလျှံကဲ့သို့သောလျှာများသည် သူတို့ရှေ့၌ပေါ်ထွက်လာ၍ သူတို့တစ်ဦးစီအပေါ်တည်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မီးလျှံနှင့်တူသော လျှာများသည် ပေါ်လာ၍ အဖြာဖြာကွဲထွက်ကာ သူတို့တစ်ဦးချင်းစီအပေါ်၌ တည်နေကြ၏။ |
``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။-
အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
သခင်ယေရှုက ``ဘုရားသခင်ပြဋ္ဌာန်းတော်မူ သမျှသောအမှုတို့ကိုလိုက်နာဆောင်ရွက်သင့် သည်ဖြစ်၍ ယခုငါ့အားဗတ္တိဇံမင်္ဂလာပေးပါ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါယောဟန်သည် သဘောတူလေ၏။
သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
ယုဒအမျိုးသားများနှင့်ယုဒဘာသာသို့ ကူးပြောင်းလာကြသူများဖြစ်ကြ၏။ အချို့ သောငါတို့သည်ကရေတေပြည်သားနှင့်အာရပ် အမျိုးသားများဖြစ်ကြ၏။ သို့ရာတွင်ငါတို့ သည်ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ် အမှုတော်များကို ငါတို့ဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရကြပါသည် တကား'' ဟုဆိုကြ၏။-
ထိုအခါလေပြင်းမုန်တိုင်းတိုက်ခတ်သံနှင့် တူသောအသံသည် အထက်ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၏။ ထိုနောက်တပည့်တော် တို့နေထိုင်ရာအိမ်သည် ထိုအသံဖြင့်ပြည့် လေ၏။-
ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-
လျှာသည်မီးနှင့်တူ၍အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသောကမ္ဘာဖြစ်၏။ ယင်းသည်ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်တည်ရှိကာ၊ ငါတို့၏ကိုယ်ခန္ဓာတစ်ခုလုံးသို့အပြစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေလေသည်။ လျှာသည်ငရဲမှ ရရှိသည့်မီးဖြင့်ငါတို့၏ဘဝတစ်ခု လုံးကိုကျွမ်းလောင်စေတတ်၏။-
ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။
ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။-