ဘုရင်ခံသည်ထိုအဖြစ်အပျက်ကိုမြင်လျှင် ယုံကြည်လာ၏။ သူသည်သခင်ဘုရား၏တရား တော်ကိုကြားသောအခါအံ့သြမိန်းမော၍ နေ၏။
တမန်တော်ဝတ္ထု 19:38 - Common Language Bible သို့ဖြစ်၍ဒေမေတရိနှင့်အပေါင်းပါလက်မှု ပညာသည်များသည် လူတစ်စုံတစ်ယောက်အား တရားစွဲဆိုလိုလျှင် တရားရုံးဖွင့်ရက်များ နှင့်အာဏာပိုင်များရှိသဖြင့် ရုံးတော်တွင် တရားစွဲဆိုနိုင်ပါ၏။- Garrad Bible ဒေ မေ တြိ နှင့် အ ပေါင်း ပါ ပ ညာ သည် တို့ သည် တစ် စုံ တစ် ယောက် အ ပေါ် တွင် အ မှု ရှိ လျှင် လွှတ် ရုံး များ၊ ဝန် ကြီး များ ရှိ၏။ တစ် ယောက် ကို တစ် ယောက် စွဲ ဆို ကြ စေ။ Judson Bible ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစ်စုံတစ်ယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်း ရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဒေမေတရိမှစ၍ သူနှင့်အတူရှိသောပန်းထိမ်သမားတို့သည် တစ်စုံတစ်ဦးကို တရားစွဲဆိုရန်ရှိလျှင် တရားရုံးများဖွင့်ထားပြီး အုပ်ချုပ်ရေးမှူးများလည်း ရှိကြသည်ဖြစ်၍ အမှုသည်ချင်း တရားတွေ့ကြပါစေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒေမေတရိနှင့် အပေါင်းပါပန်းထိမ်လုပ်သားတို့သည် တစ်စုံတစ်ယောက်ကို တရားစွဲဆိုရန် ရှိလျှင် သူတို့ကို စွဲချက်တင်ရန် တရားရုံးများနှင့် မြို့ဝန်မင်းများသည် အသင့်ရှိကြပါ၏။ သူတို့အား ရုံးတော်တွင်သာ တရားဥပဒေအတိုင်း ဆောင်ရွက်စေလော့။ |
ဘုရင်ခံသည်ထိုအဖြစ်အပျက်ကိုမြင်လျှင် ယုံကြည်လာ၏။ သူသည်သခင်ဘုရား၏တရား တော်ကိုကြားသောအခါအံ့သြမိန်းမော၍ နေ၏။
သူသည်ဘုရင်ခံသေရဂိပေါလု၏မိတ်ဆွေ ဖြစ်၏။ ထိုဘုရင်ခံကားသတိပညာရှိသူ တစ်ယောက်ဖြစ်ပေသည်။ သူသည်ဘုရားသခင် ၏နှုတ်ကပတ်တရားတော်ကိုကြားနာလို၍ ဗာနဗနှင့်ရှောလုကိုပင့်ဖိတ်လေ၏။-
သို့ရာတွင် (ဂရိဘာသာအားဖြင့်ဧလုမဟု နာမည်ရှိသော) ထိုမှော်ဆရာသည်ဘုရင်ခံ အားယုံကြည်ခြင်းလွဲမှားစေရန် ဗာနဗ နှင့်ရှောလုတို့ကိုအတိုက်အခံပြုလေ၏။-
ပေါလုသည်ချေပပြောဆိုမည်အပြုတွင် ဂါလျုန်က ``ယုဒအမျိုးသားတို့၊ ဤအမှု သည်ဆိုးယုတ်သောပြစ်မှုသို့မဟုတ်လိမ်လည် မှုဖြစ်ပါမူ ငါသည်သင်တို့၏စွပ်စွဲချက်ကို စိတ်ရှည်လက်ရှည်နားထောင်နိုင်ပေမည်။-
ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။-
သို့ရာတွင်သင်တို့မှာအခြားအမှုကိစ္စရှိ ပါက တရားဝင်အစည်းအဝေး၌စီရင် ဆုံးဖြတ်ရမည်။-
သင်တို့အချင်းချင်းအမှုဖြစ်ပွားလျှင် ဘုရား သခင်လူစုတော်၏စီရင်ဆုံးဖြတ်ခြင်းကိုခံ မည့်အစား အဘယ်ကြောင့်ဘုရားမရှိသည့် တရားသူကြီးများထံသို့သွားကြပါ သနည်း။-
``ဒေသခံတရားသူကြီးများသည် လူသတ် မှုနှင့်လူသေမှု၌သော်လည်းကောင်း၊ ပစ္စည်း ပိုင်ဆိုင်ခွင့်အမှုအခင်းများနှင့်ကိုယ်ထိလက် ရောက်ထိခိုက်ဒဏ်ရာရစေသောအမှုအခင်း များ၌သော်လည်းကောင်း အဆုံးအဖြတ်ပေး ရန်ခဲယဉ်းခြင်းရှိသောအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးချယ် တော်မူသည့်တစ်ခုတည်းသောကိုးကွယ် ရာဌာနသို့သွား၍၊-